Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Sean Penn နဲ့ အတူကလေးတစ်ယောက် လိုချင်နေတဲ့ Charlize Theron

Sean Penn နဲ့ အတူကလေးတစ်ယောက် လိုချင်နေတဲ့ Charlize Theron

| No comment

အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ Charlize Theron

ဟောလီးဝုဒ်မင်းသမီး Charlize Theron ရဲ့ မိသားစု လေးဟာ ၃ ယောက် တည်းနဲ့ သာယာ နေတယ်လို့ ပြောရလောက်တဲ့ အထိ ငြိမ်းချမ်းပါတယ်။ အခုတော့ Charlize Theron က သူတို့ရဲ့ မိသားစုလေးထဲကို လူသစ်တစ်ယောက် ထပ်မံ ရောက်လာစေချင်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Charlize Theron ဟာ သူမရဲ့ ခင်ပွန်းလောင်း Sean Penn နဲ့ အတူ သူမရဲ့ မွေးစားသားလေး Jackson ကို ညီလေး ဖြစ်ဖြစ် ညီမလေး ဖြစ်ဖြစ် ဖန်တီးပေးချင်နေပါတယ်။

"ကျွန်မဟာ အို ဘုရားသခင် မဟုတ်ဘူး တစ်ကြိမ်ထဲပါ ဆိုတာမျိုးမဟုတ်ပါဘူး။ ဖြစ်လာမယ့် အရာရာ တိုင်းကို အမြဲတမ်း ကြိုဆိုနေခဲ့တဲ့ လူပါ" လို့ Charlize Theron ကဆိုပါတယ်။

Charlize Theron နဲ့ Sean Penn တို့ဟာ လအနည်းငယ် တွဲပြီးတဲ့နောက် ၂၀၁၄ မှာ စေ့စပ်ခဲ့ကြပါတယ်။ သူတို့ဟာ မင်္ဂလာဆောင်နေ့အတွက် ကြေညာဖို့ပဲ လိုတော့တာပါ။ ဒါပေမယ့် မကြာမီထွက်ရှိလာတော့မယ့် "The Last Face" ဆိုတဲ့ ဇာတ်လမ်းကို အတူတူ ရိုက်ကူးနေတဲ့ စုံတွဲဟာ တစ်ယောက်နဲ့ တစ်ယောက် အရင်ထက်ပိုပြီး ပျာ်နေကြတာ ကိုတွေ့ရမှာပါ။

"The Last Face ဇာတ်လမ်းရဲ့ ဇာတ်အိမ်ကတော့ လှပတဲ့ အချစ် ဇာတ်လမ်းလေးပါ။ကိုယ်ချစ်တဲ့ လူတစ်ယောက်အတွက်ဆို အချစ်မှာ တစ်ကယ်ကို ပြည့်ဝတဲ့ စွမ်းအင်တွေ ရှိနေမှာပါ။" လို့ သူမ က ဇာတ်လမ်း အသစ်အကြောင်း ကို ပြောပြခဲ့ပါတယ်။

Charlize Theron ၊ Sean Penn နဲ့ မွေးစားသားလေး Jackson


(Mario)
Ref : Life & Style