Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Selfie King အဖြစ် Guinness စံချိန်တင်သွားခဲ့တဲ့ Dwayne Johnson

Selfie King အဖြစ် Guinness စံချိန်တင်သွားခဲ့တဲ့ Dwayne Johnson

| No comment



သင် ၃ မိနစ်အတွင်း ဆယ်လ်ဖီ ၁၀၅ ပုံ ရိုက်ပြနိုင်ပါသလား။ Dwayne Johnson ဆိုတဲ့ ဗလကြီးကတော့ လုပ်ပြနိုင်ခဲ့ပါတယ်။ အဲဒီလို ရိုက်ပြနိုင်ခဲ့တဲ့အတွက်လည်း The Rock ခေါ် Dwayne Johnson ဟာ ၃ မိနစ် အတွင်း Self-Portrait(selfie) အများဆုံး ရိုက်နိုင်သူ အဖြစ် ကမ္ဘာ့ Guinness စံချိန်တင်သွားခဲ့ပါပြီ။

ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ San Andreas ဆိုတဲ့ ရုပ်ရှင်ရဲ့ ပွဲဦးထွက်မိတ်ဆက်ပွဲမှာ Dwayne Johnson က ပရိတ်သတ်တွေရှေ့မှာ ရပ်ပြီး Selfie ဓါတ်ပုံတွေကို ၃ မိနစ်ခန့် ဆက်တိုက်ရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Guinness ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ ရေးသားခဲ့တာကတော့ Dwayne Johnson ဟာ မျက်နှာတစ်ခုလုံး နဲ့ လည်ပင်းမှာ ရှိတဲ့ အရာတွေအားလုံး ပါဝင်အောင်ရိုက်ပြနိုင်ခြင်း ၊ မျက်နှာကို ပြတ်သားစွာ Focus ဖြတ်ပြပြီးေ၀၀ါးမှု မရှိခြင်း စတဲ့ အချက်တွေကြောင့် ထို ဆုကို ပေးခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

Dwayne Johnson ရဲ့ selfie တွေဟာ များပြားစွာ ရှိခဲ့ပြီး အဲဒီဓါတ်ပုံတွေထဲကမှာ ၁၀၅ ပုံဟာ ကြည်လင် ကောင်းမွန်စွာ ကျန်ရှိနေခဲ့တဲ့အတွက် Guinness စံချိန်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ဝှေးသမားတစ်ယောက်လည်း ဖြစ်ခဲ့သလို လက်ရှိမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် အဖြစ်ရပ်တည် နေတဲ့ Dwayne Johnson ကတော့ သူ့ကိုယ်သူ Selfie King လို့လည်း Instagram မှာ ရေးသားထားပါသေးတယ်။

( Mario )

Ref : Starpulse