Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Selfish ဆိုတဲ့ ဓါတ်ပုံ စာအုပ်ကို ထုတ်လုပ် ဖြန့်ချီခဲ့တဲ့ Kim Kardashian

Selfish ဆိုတဲ့ ဓါတ်ပုံ စာအုပ်ကို ထုတ်လုပ် ဖြန့်ချီခဲ့တဲ့ Kim Kardashian

| No comment

Selfish စာအုပ်စတင်ရောင်းချတဲ့နေ့မှာတွေ့ရတဲ့ Kim Kardashian


ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာ သူမရဲ့ Selfie ဓါတ်ပုံတွေကို စုစည်း ပုံနှိပ် ဖော်ပြထားတဲ့ Selfish ဆိုတဲ့ ဓါတ်ပုံ စာအုပ်ကို ထုတ်လုပ် ဖြန့်ချီ ခဲ့ပါတယ်။

ဒီ စာအုပ်ထဲမှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye West အတွက် ရိုက်ကူးထားတဲ့ ၀တ်လစ်စလစ် ဓါတ်ပုံတွေ ၊ Bikini ၀တ်ဆင်ထားတဲ့ ဓါတ်ပုံတွေနဲ့ မိသားစု ဓါတ်ပုံတွေ လည်း ပါဝင်ပါတယ်။

ထိုစာအုပ်ထဲမှာ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံဟာ ဆိုရင် ၀တ်လစ်စလစ်နီးပါး အနေအထား နဲ့ သူမရဲ့ ရင်သားတွေကို အသားပေးဖော်ပြထားပြီး ထို ဓါတ်ပုံ ဟာ သူမရဲ့ ခင်ပွန်း Kanye West အတွက် ရည်ရွယ်ထားပုံ ပေါက်ပါတယ်။

ဒါ့အပြင်သူမ က မိုးရွာနေတဲ့ နောက်ခံ နဲ့ Bikini ကိုဝတ်ဆင် ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုလည်း ပရိတ်သတ် တွေ မျက်စိအစာကျွေးနိုင်ရန် စာအုပ်ထဲမှာ ထည့်သွင်း ပုံနှိပ်ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

စာအုပ်ရဲ့ ကာဗာ မှာလည်း အ၀ါရောင် ဘလောက်စ် အကျီင်္ပါးပါးလေးကို ၀တ်ဆင်ထားတဲ့ ဓါတ်ပုံကို အသုံး ပြုထားပြီး အ၀တ်လဲခန်းထဲမှာ လျှပ်တစ်ပြတ် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေလည်း ပါဝင်ပါတယ်။ ထို ဓါတ်ပုံတွေကိုရိုက်ကူးစဉ်ကတော့ Kanye West ထံ ပေးပို့ဖို့ စတင်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဖြူရောင် Tight Dress ကို ၀တ်ဆင်ပြီး Selfish ဆိုတဲ့ ဓါတ်ပုံ စာအုပ်ကို ရောင်းချခဲ့ပြီးတဲ့နောက် အမျိုးသား ပရိတ်သတ်များ ကြားမှာ  Kim Kardashian ဟာ အောင်မြင်မှုတွေကို အရယူလိုက်နိုင်ပါပြီ။

Selfish ဓါတ်ပုံ စာအုပ်ရဲ့ ကာဗာ ဓါတ်ပုံ


Ref : Mirror