Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Star Trek” ဇာတ်လမ်းထဲက သရုပ်ဆောင် Grace Lee Whitney ကွယ်လွန်

“Star Trek” ဇာတ်လမ်းထဲက သရုပ်ဆောင် Grace Lee Whitney ကွယ်လွန်

| No comment



၁၉၆၀ ၀န်းကျင် ကာလတွေတုန်းက အောင်မြင်ခဲ့တဲ့ “Star Trek” ဇာတ်လမ်းမှာ Captain Kirk ရဲ့ လက်  ထောက် နေရာက  သရုပ်ဆောင်ခဲ့တဲ့ Grace Lee Whitney ဟာ အသက် ၈၅ နှစ်အရောက်မှာပဲ ကွယ် လွန်သွားခဲ့ပါတယ်။ 

Whitney ဟာ မေလ ၂ ရက်နေ့က သာမာန်ရောဂါတွေကြောင့်ပဲ ကယ်လီဖိုးနီးယား ပြည်နယ်က နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး  သူမ ဟာ သား ၂ ယောက်ဖြစ်တဲ့ Scott Dweck ၊ Jonathan Dweck တို့နဲ့ အတူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Grace Lee Whitney ဟာ “Star Trek:The Motion Picture” ၊ “Star Trek III : The Search for Spock” ၊ “Star Trek IV:The Voyage Home” ၊ “Star Trek VI: The Undiscoverd Country” စတဲ့ Star Trek ရုပ်ရှင် ဇာတ်လမ်းတွဲပေါင်းများစွာ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Whitney ဟာ အရက်ကို စွဲလန်းငြိတွယ်ခဲ့တဲ့အတွက် နှစ်ပေါင်းများစွာ ဖြတ်ဖို့ ရုန်းကန်ခဲ့ရပြီး သူမရဲ့ သူငယ်ချင်းဖြစ်သူ Star Trek ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေထဲက သရုပ်ဆောင် Leonard Nimoy က သူမကို အရက်ဖြတ်နိုင်အောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ 

သူမရဲ့ သားဖြစ်သူ Jonathan Dweck က Chicago Tribune သတင်းဌာန မှာ Whitney နဲ့ ပတ်သက်ပြီး သူမဟာ အရက်စွဲနေတဲ့ကြားက အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့သူ တစ်ယောက် အဖြစ် သတိရနေမည်ဖြစ် ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

Ref : www.starpulse.com