Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သီချင်းအတူတူရေးနေကြပြီဖြစ်တဲ့ Taylor Swift နဲ့ Calvin Harris

သီချင်းအတူတူရေးနေကြပြီဖြစ်တဲ့ Taylor Swift နဲ့ Calvin Harris

| No comment

၂၀၁၅ Billboard ဂီတဆုပေးပွဲကို အတူ တက်ရောက်လာတဲ့ Taylor Swift နဲ့ Calvin Harris


လူငယ်တိုင်းစိတ်ဝင်းစားနေတဲ့ EDM ပညာရှင် Calvin Harris နဲ့ ကန်းထရီးအဆိုတော်မလေး Taylor Swift တို့ဟာ ၂၀၁၅ခုနှစ် Billboard ဂီတဆုပေးပွဲမှာ အတူတကွ ပွဲတက်လာခဲ့ပါတယ်။

ဒါဟာ သူတို့ ၂ယောက် အတည်တွဲနေကြပါတယ်ဆိုတဲ့ သဘောမျိုးကို ဆောင်ပြီး မတ်လ ကတည်းက စတင် တွဲလာခဲ့တဲ့ သူတို့ စုံတွဲ ဟာ အခုအချိန်မှာ သီချင်းတွေ တူတူရေးနေကြပြီလို့ သိရပါတယ်။

အမှန်တစ်ကယ်တော့ Dj တစ်ယောက်ဖြစ်တဲ့ Calvin Harris ဟာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Rita Ora နဲ့ အတူ သီချင်းတစ်ပုဒ်ကို ရေးခဲ့ဖူးတာကို မှတ်မိကြမှာပါ။ အဲဒီ အချိန်တုန်းကတော့ သူတို့ ရေးသားခဲ့တဲ့ သီချင်းဟာ မပြီးဆုံးခဲ့သလိုပဲ သူတို့ ၂ ယောက် ပြတ်သွားတဲ့ အခါမှာလည်း ထိုသီချင်းကိုလူသိရှင်ကြား အပြန်အလှန် ရှုံ့ချခဲ့ဖူးပါတယ်။

" သူတို့ စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် စွဲလန်းကြပါတယ်။ သူတို့ ၂ ယောက်လုံးက သီချင်းရေးခြင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုမိုနီးစပ်လာအောင် ချဉ်းကပ်နေကြတာပါ။ သူတို့ ဟာ တစ်ဖြည်းဖြည်းနဲ့ တစ်သားတည်းကျလာပါပြီ" လို့ သူတို့ ၂ ယောက်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုထားပါတယ်။

သူတို့၂ ယောက်ဟာ California ပြည်နယ် ၊ Beverly Hills မြို့မှာရှိတဲ့ Taylor Swift ရဲ့ နေအိမ်မှာ သီချင်းအတူတူ စတင်ရေးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့ ၂ ယောက်ဟာ အမြဲတမ်း ရယ်မောနေသလို စိတ်ဝင်စားဖို့ကောင်းတဲ့ သံစဉ်တွေနဲ့ စာသားတွေကို ဆိုနေလေ့ရှိပြီး ထို စာသားတွေနဲ့ သံစဉ်တစ်ချို့ကို Taylor Swift က အသံသွင်း သီဆိုချင်နေတယ်လို့လည်း ရင်းနှီးသူတစ်ဦး က ပြောပြခဲ့ပါတယ်။

( Mario )

Ref : Mirror