Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အရည်အချင်းအရှိဆုံး သက်ရှိထင်ရှား အမျိုးသမီး အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Taylor Swift

အရည်အချင်းအရှိဆုံး သက်ရှိထင်ရှား အမျိုးသမီး အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ Taylor Swift

| No comment



၂၀၁၅ Billboard ဂီတဆုပေးပွဲ ကြီးပြီးသွားတဲ့ နောက်တစ်ရက်မှာပဲ Taylor Swift ဟာ နောက်ထပ် ဂုဏ်ပြုမှု တစ်ခုကို ထပ်ခံရပြန်ပါတယ်။ အဲဒါကတော့ Maxim မဂ္ဂဇင်းက သူမကို Hot 100 စာရင်းထဲမှာ နံပါတ် ၁ နေရာ ပေးလိုက်တာပါပဲ။

ဒီတစ်ပတ်ကတော့ Taylor Swift အတွက် အောင်မြင်မှု ရဲ့ အရသာ ကို ဆက်တိုက်ခံစားနေရတဲ့ ကာလလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူမဟာ "Bad Blood" ဆိုတဲ့ Music Video တစ်ခုကို ဖြန့်ချီထားပါသေးတယ်။

ဒါပေမယ့်လည်း Maxim မဂ္ဂဇင်းက သူမကို Hot 100 စာရင်းရဲ့ နံပါတ် ၁ နေရာပေးထားတာဟာ သူမရဲ့ ရုပ်ရည် အသွင်အပြင်ကြောင့် မဟုတ်ပါဘူး။ မဂ္ဂဇင်းက သူမကို ခိုင်းနှိုင်းချီးမွမ်းခဲ့တာကတော့ အရည်အချင်းအရှိဆုံး သက်ရှိထင်ရှား အမျိုးသမီး "most talented woman alive" လို့ သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

"ဒီနှစ်ဟာ ကျွန်မဘ၀ မှာ အကြိုက်ဆုံးနှစ်ပါပဲ။ ကျွန်မလိုချင်ခဲ့တဲ့အတိုင်း အယ်လ်ဘမ် တစ်ခုလုပ်နိုင်ခဲ့တယ်။ ကျွန်မ အိပ်မက်ထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ကျွန်မ ဗီဒီယို တွေအတွက် ဂုဏ်ယူတယ် ၊ နယ်လှည့်ဖျော်ဖြေပွဲတွေအတွက် ဂုဏ်ယူတယ် ၊ ဖြစ်လာသမျှ အားလုံးအတွက် ဂုဏ်ယူပါတယ်" လို့ Taylor Swift က Maxim မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

Taylor Swift ဟာ ဒီအင်တာဗျူးကို သူမရဲ့ 1989 World Tour နယ်လှည့်ဖျော်ဖြေရေးအတွက် ရီဟာဆယ် လေ့ကျင့်ရင်းဖြေကြားခဲ့တာဖြစ်ပြီး သူမဟာ မေ လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖျော်ဖြေခဲ့ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမေရိက ၊ Louisiana ပြည်နယ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။

Taylor Swift ဟာ ၂၀၁၅ ခုနှစ် Billboard ဂီတဆုပေးပွဲမှာလည်း Top Artist ၊ Top Female Artist ၊ Top Billboard Album နဲ့ Top Digital Songs အပါအ၀င် စုစုပေါင်း ဆု ၈ ဆု ကို ရရှိခဲ့ပါတယ်။

( Mario )

Ref : Starpulse