Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၃ နှစ်အကြာမှာ လမ်းခွဲလိုက်ကြတဲ့ Tiger Woods တို့ စုံတွဲ

၃ နှစ်အကြာမှာ လမ်းခွဲလိုက်ကြတဲ့ Tiger Woods တို့ စုံတွဲ

| No comment
၂၀၁၂ မှာ စတင်ချစ်ကြိုက်ခဲ့ကြတဲ့ ဂေါ့ဖ်အားကစားသမား Tiger Woods နဲ့ Ski အားကစားသမား Lindsey Vonn


လွန်ခဲ့တဲ့ ၃ နှစ်တုန်းက လူမှု ကွန်ရက်တွေက တစ်ဆင့် သူတို့ရဲ့ အချစ်ရေးကို လူထု သိအောင် ကြေညာခဲ့တဲ့ ဂေါ့ဖ် အားကစားသမား Tiger Woods နဲ့ Lindsey Vonn တို့ဟာ အခုချိန်မှာတော့ လမ်းခွဲတော့မယ့် အကြောင်းကို လူထုသိအောင် တရားဝင်ကြေညာခဲ့ပြန်ပါတယ်။

Ski အားကစားသမား Lindsey Vonn ဟာ မနေ့ကပဲ သူမရဲ့ Facebook စာမျက်နှာမှာ Tiger Woods နဲ့လမ်းခွဲတော့မယ့် အကြောင်းကို ရေးသားခဲ့ပါတယ်။ သူမဟာ Tiger Woods နဲ့ အတူဖန်တီးခဲ့တဲ့ အမှတ်တရတွေကို အမြဲ အောက်မေ့နေမှာ ဖြစ်ကြောင်းနဲ့ Tiger Woods ကို အမြဲတမ်းလေးစားနေမှာ ဖြစ်တယ်လို့ Lindsey Vonn ကရေးသားခဲ့ပြီး သူတို့ ၂ ယောက် လမ်းခွဲရခြင်း အကြောင်းအရင်းမှာ ၂ ယောက်လုံးက အားကစားသမားတွေ ဖြစ်နေတဲ့အတွက် အချိန်တွေကို ဝေမျှ ဖို့ ခက်ခဲနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Tiger Woods ကလည်း သူ့ရဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ Lindsey Vonn နဲ့ လမ်းခွဲမယ့်အကြောင်း တွေ ရေးသား ထားပါသေးတယ်။

“Lindsey နဲ့ ကျွန်တော်နဲ့ လမ်းခွဲဖို့ တူညီစွာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ကျွန်တော်ဟာ Lindsey ကို အမြဲတမ်း လေးစာနေ၊ ချစ်မြတ်နိုးနေမှာ ဖြစ်ပြီး ကျွန်တော်တို့ ၂ ယောက်ရဲ့ အချိန်တွေကိုလည်း အမြဲတမ်း အမှတ်ရနေမှာပါ။ သူမဟာ ကျွန်တော် ရယ် ၊ Sam ရယ် ၊ Charlie ရယ် ၊ ကျွန်တော့်မိသားစု ရယ် အားလုံး အပေါ် အရမ်းကောင်းပါတယ်။ကံမကောင်းစွာနဲ့ ပဲ ကျွန်တော်တို့ ၂ ယောက်ဟာ သက်ဆိုင်ရာ အားကစားတွေပေါ်မူတည်ပြီး ပြိုင်ပွဲတွေ ၀င်နေရတဲ့အတွက် အချိန်တွေ အတူတူ ကုန်ဆုံးစေဖို့ ခက်ခဲပါတယ်။” လို့ Tiger Woods က ရေးသားထားပါတယ်။


အခုလိုမျိုးလမ်းခွဲခဲ့တာဟာ Tiger Woods ရဲ့ ကလေး ၂ ယောက်နဲ့အတူ Lindsey Vonn ကိုယ်တိုင် Tiger Woods ရဲ့ The Masters ပြိုင်ပွဲကို လာရောက်လည်ပတ်ပြီး  ရက်သတ္တပတ် အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Vonn ဟာ Woods ရဲ့ ဂေါ့ဖ် ပြိုင်ပွဲ တော်တော်များများကိုလည်း လာရောက်လည်ပတ်ခဲ့ဖူးပြီး Tiger Woods ကလည်း Vonn ရဲ့ ရေခဲပြင် စကိတ် ပြိုင်ပွဲတွေကို လိုက်လံ အားပေးခဲ့ဖူးပါတယ်။

Ref : Starpulse