Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , U2 အဖွဲ့ရဲ့ ဖျော်ဖြေရေး မန်နေဂျာ ကွယ်လွန်

U2 အဖွဲ့ရဲ့ ဖျော်ဖြေရေး မန်နေဂျာ ကွယ်လွန်

| No comment



ဂန္တ၀င် ရော့ခ် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ U2 တီးဝိုင်းရဲ့ နယ်လှည့်ဖျော်ဖြေပွဲ မန်နေဂျာ အဖြစ် နှစ်များစွာ လုပ်ကိုင်ခဲ့သူ Dennis Sheehan ဟာ အနောက် ဟောလီးဝုဒ်က သူ့ရဲ့ ဟိုတယ်အခန်းထဲမှာ သေဆုံးနေတာကို ဗုဒ္ဓဟူးနေ့ကတွေ့ခဲ့ရပါတယ်။

U2 အပါအ၀င် အခြားတေးဂီတ အဖွဲ့တွေနဲ့ နယ်လှည့်ဖျော်ဖြေပွဲ တွေ ပူးပေါင်းစီစဉ်နေတဲ့ Live Nation ကုမ္မဏီ ရဲ့ CEO ဖြစ်သူ Arthur Fogel က ဒီသတင်းကို ထုတ်ပြန်စာနဲ့အတူ အတည်ပြုပေးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး U2 အဖွဲ့ရဲ့ တေးသံရှင် Bono ကလည်း U2.com ကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်တို့ မိသားစု ၀င်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူဟာဂီတစီးပွားရေးမှာ ဂန္တ၀င် ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့တီးဝိုင်းရဲ့  ဂန္တ၀င် ပုဂ္ဂိုလ်တစ်ယောက်ပါ။သူဟာ အစားထိုးလို့ မရနိုင်ပါဘူး" လို့ Bono က ဆိုခဲ့ပါတယ်။

Sheehan ဟာ သူ့ရဲ့ အခန်းထဲမှာ ဘာကြောင့်မှန်းမသိတဲ့ သေဆုံးမှု နဲ့ သေဆုံးနေတာကိုတွေ့ခဲ့ရတဲ့နောက်မှာ ဆေးအဖွဲ့ဝင်တွေ ရောက်လာပြီး သူသေဆုံးသွားပြီဆိုတာ ကို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

Sheehan ဟာ အိုင်ယာလန် မှာ ကြီးပြင်းခဲ့ပြီဒ အသက် ၁၃ နှစ်ကနေ ၁၉ နှစ်အထိ ကိုယ်ပိုင်တီးဝိုင်းနဲ့ လှုပ်ရှားခဲ့သူဖြစ်ပြီး U2 ရဲ့ ၁၉၈၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ War ဆိုတဲ့ အယ်လ်ဘမ် ထွက်တဲ့အခါမှာမှ U2 ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ မန်နေဂျာ အဖြစ် စတင်လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ U2 အဖွဲ့ဟာ Los Angeles မြို့မှာ ဖျော်ဖြေပွဲတစ်ခု ဖျော်ဖြေဖို့ ရှိနေပါတယ်။

( Mario )

Ref : Starpulse