Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , US Weekly မဂ္ဂဇင်းမှာ ခန္ဓာကိုယ်အလှ ထိန်းသိမ်းနည်း အကြောင်းပြောပြတဲ့ Jennifer Lopez

US Weekly မဂ္ဂဇင်းမှာ ခန္ဓာကိုယ်အလှ ထိန်းသိမ်းနည်း အကြောင်းပြောပြတဲ့ Jennifer Lopez

| No comment




ပေါ့ပ် အဆိုတော် Jennifer Lopez ဟာ ရက်သတ္တပတ် ပေါင်းများစွာ ခေါင်းစည်းသတင်းတွေထဲမှာ ပါနေခဲ့ပါတယ်။ ဒါ့အတွက်တော့ သူမအနေနဲ့ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို ကျေးဇူးတင်ရမှာပါ။

အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ အဆိုတော် ၊ သရုပ်ဆောင် ၊ American Idol အစီအစဉ်ရဲ့ ဒိုင်ဟောင်း J.Lo ဟာ US Weekly ဂျာနယ်မှာလည်း မျက်နှာဖုံးရှင်တစ်ယောက် အဖြစ်ပါလာပြန်ပါပြီ။  အဲဒီ ကာဗာ မှာတော့ သူမဟာ အသက် ၄၅ နှစ်လို့ မထင်ရလောက်အောင် အနက်ရောင် Sexy ရေကူးဝတ်စုံကို ၀တ်ဆင်ပြီး လှပနေပါတယ်။

အခုတစ်လော ကျင်းပခဲ့တဲ့ ဆုပေးပွဲ ၊ အခမ်းအနားပွဲတွေမှာလည်း Beyonce ၊ Kim Kardashian ၊ Rihanna တို့နဲ့ အပြိုင် J.Lo ဟာ ဖက်ရှင်ပိုင်းမှာ ဟာကွက် မရှိအောင် ၀တ်ဆင်ခဲ့တာကိုတွေ့ရမှာပါ။

" ကျွန်မကိုကျွန်မ နှစ်သက်ပါတယ်။ ကျွန်မ Sexy ဖြစ်တယ်လို့ ခံစားရတယ်၊ ကျွန်မ ငယ်သေးတယ်လို့ ခံစားရတယ် ၊ ကျွန်မကို ကျွန်မ လှတယ်လို့လည်း တစ်ခါတစ်ရံ မှာ ခံစားရပါတယ်။ " လို့ သူမက US Weekly ကို ပြောပြခဲ့ပါတယ်။

J.Lo ဟာ သူရဲ့ ချစ်သူဟောင်း အကပညာရှင် Casper Smart နဲ့လည်း လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကတည်းက ပြတ်သွားကြပြီလို့ ဆိုထားပေမယ့်လည်း Billboard ဆုပေးပွဲ အပါအ၀င် အခမ်းအနားတော်တော် များများမှာ သူတို့ ၂ ယောက်ကို အတူတွေ့နေရဆဲပါ။ ဒါပေမယ့်လည်း သူမဟာ တစ်ယောက်တည်းနေရတာ ကောင်းတယ်လို့ ပြောနေဆဲပါပဲ။

"ကျန်းမာတဲ့ ခန္ဓာကိုယ်ဆိုတာ သင့်ကိုယ်သင် အကောင်းဆုံး မြင်ချင်းကရတာပါ။ ဘယ်သူနဲ့မှ ပြိုင်စရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ကောင်းအောင်နေပါ။ ကျွန်မက ကျန်းမာတဲ့ ဘ၀ပုံစံမှာ နေထိုင်ပါတယ်။ ကျန်းမာတဲ့ ဘ၀ပုံစံမှာ နေထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျန်းမာတဲ့ ဘ၀ပုံစံ ဖြစ်လာစေဖို့အတွက်အထောက်အကူ ဖြစ်မယ့်အရာတွေကို ကျွန်မ အမြဲတမ်းရှာနေတာပါ" လို့လည်း J.Lo က သူမရဲ့ ခန္ဓာကိုယ် အလှ အတွက် ထိန်းသိမ်းပုံတွေကို ပြောပြခဲ့ပါတယ်။

( Mario )

Ref : Starpulse