Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Vevo မှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ Taylor Swift ရဲ့ Bad Blood ဗီဒီယို

Vevo မှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ Taylor Swift ရဲ့ Bad Blood ဗီဒီယို

| No comment



၂၀၁၅ ခုနှစ်ရဲ့ Billboard ဆု ၈ ဆု ပိုင်ရှင် ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ သူမရဲ့ တစ်ပုဒ်တည်း ထုတ်လုပ်ခဲ့တဲ့ "Bad Blood" ဗီဒီယို ဟာ Vevo.com ဆိုတဲ့ ဗီဒီယိုဝေမျှ တဲ့ ၀က်ဘ်ဆိုက် မှာ စံချိန်အသစ်တင်နိုင်ခဲ့ပါတယ်။

Taylor Swift ရဲ့ Bad Blood ဗီဒီယိုဟာ ပထမဆုံး ၂၄ နာရီအတွင်းမှာတင် ကြည့်ရှုသူ သန်း ၂၀ ရှိခဲ့တဲ့အတွက် တစ်ရက်အတွင်း ကြည့်ရှုသူ ၁၉.၆ သန်းရှိခဲ့တဲ့ Nicki Minaj ရဲ့ Anaconda ဗီဒီယို ရဲ့ စံချိန်ကို ချိုးဖျက်ကာ စံချိန် အသစ်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါတင် မကသေးပါဘူး။ လက်ရှိမှာ Taylor Swift ရဲ့ Bad Blood ဗီဒီယိုဟာ Vevo မှာ ကြည့်ရှုသူ ၅ ဘီလီယံ အထိ ရှိနေပါပြီ။

" အခုချိန်မှာ အထူးခြားဆုံးကတော့ သင်တို့ဟာ Vevo ရဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်လိုက်ပါပြီ။ သင်တို့ကို ကျေးဇူးတင်ပါတယ် " လို့ မကြာသေးမီကမှ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး EDM ပညာရှင် Calvin Harris နဲ့ လူသိရှင်ကြားတွဲခဲ့တဲ့ Taylor Swift က သူမရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။

ထို သီချင်းဗီဒီယို ဟာ Taylor Swift နဲ့ ရပ်ပါ Kendrick Lamar တို့ သီဆိုထားကြတာဖြစ်ပြီး Joseph Kahn က ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ထို ဗီဒီယိုမှာတော့ Taylor Swift ရဲ့ သူငယ်ချင်း အနုပညာရှင်တွေဖြစ်ကြတဲ့ Selena Gomez ၊ Jessica Alba ၊ Hailee Steinfeld ၊ Lena Dunham ၊ Mariska Hargitay ၊ Ellen Pompeo ၊ Zendaya ၊ Harley Williams ၊ Serayah ၊ Ellie Goulding နဲ့ မော်ဒယ်လ်မလေးများ ဖြစ်ကြတဲ့ Cara Delevingne ၊ Karlie Kloss ၊ Gigi Hadid ၊ Martha Hunt နဲ့ Lily Aldridge တို့က ပါဝင် သရုပ်ဆောင်ပေးထားကြတာဖြစ်ပါတယ်။

ထို Bad Blood ဗီဒီယိုကို Billboard ဂီတဆုပေးပွဲ ကို စတင်ထုတ်လုပ်ပြသခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပွဲဦးထွက် ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ 

( Mario )

Ref : Starpulse