Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရန်ဖြစ်နေတဲ့ ပရိတ်သတ် ၂ ယောက်ကို အဆင်ပြေသွားစေခဲ့တဲ့ Waka Flock Flame

ရန်ဖြစ်နေတဲ့ ပရိတ်သတ် ၂ ယောက်ကို အဆင်ပြေသွားစေခဲ့တဲ့ Waka Flock Flame

| No comment


၂၀၁၅ ခုနှစ်မှာ သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်လို့ ကြုံးဝါးထားတဲ့ Waka Flocka Flame ဟာ သူ့ရဲ့ ဖျော်ဖြေပွဲအတွင်း ရန်ဖြစ်နေတဲ့ ပရိတ်သတ် ၂ ယောက်ကို ကြားဝင်စေ့စပ်ပြီး နောက်ဆုံးမှာ တစ်ယောက်နဲ့ တစ်ယောက်ကို ပွေ့ဖက်ခိုင်းကာ အဆင်ပြေစေခဲ့ပါတယ်။
Arizona ပြည်နယ် ၊ Scottsdale မြို့မှာ ပြုလုပ်ခဲ့တဲ့ Waka Flock Flame နဲ့ DJ Whoo Kid တို့ရဲ့ Turn Up Godz နယ်လှည့်ဖျော်ဖြေ ပွဲကြီးဟာ တော်တော်ဆိုးရွားတာတွေ ဖြစ်ပျက်ခဲ့ပါတယ်။
ပရိတ်သတ် ၂ ယောက်ဟာ လူအုပ်ကြားထဲမှာ အကြီးအကျယ် ရန်ဖြစ်နေတဲ့အတွက် Waka Flocka Flame က စူပါဟီးရိုး ၀င်လုပ်ပြီး အဆင်ပြေစေခဲ့ပါတယ်။
Waka Flock Flame ဟာ သီချင်းဆိုနေတာ ကို ရပ်လိုက်ပြီး ထို ပရိတ်သတ် ၂ ယောက်ကို ၀င်ရောက် ဖြေရှင်းပေးပြီး ပွေ့ဖက်ခိုင်းကာ ရန်ညှိုးရန်စ တွေကို ပြေလည်စေခဲ့ပါတယ်။
မနေ့လည်း Waka Flocka Flame ဟာ သြစတြေးလျနိုင်ငံ ကို နယ်လှည့်ဖျော်ဖြေရေးသွားဖို့အတွက် နိုင်ငံ အတွင်း သို့ ၀င်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ တစ်ကယ်တော့ ဒါဟာ သတင်းအမှားသာဖြစ်ပါတယ်။
Waka Flock Flame ရဲ့ ကိုယ်စားလှယ်ဖြစ်သူက XXL မဂ္ဂဇင်းကို ပြောပြခဲ့တာတော့ ဒါဟာ Visa ပြသနာကြောင့် ရှိုးပွဲကို နောက်ဆုတ်ထားရတာသာဖြစ်ပြီး ဒီနယ်လှည့်ဖျော်ဖြေရေးအဖွဲ့ဝင်တွေကို ပြည်ဝင်ခွင့်မပေးခဲ့တာမဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။
Ref : XXL