Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဗြိတိန် တော်ဝင်စုံတွဲ William နဲ့ Kate Middleton တို့ ဒုတိယ မြောက်ရင်သွေး လေး ကိုမွေးဖွား

ဗြိတိန် တော်ဝင်စုံတွဲ William နဲ့ Kate Middleton တို့ ဒုတိယ မြောက်ရင်သွေး လေး ကိုမွေးဖွား

| No comment

ပြီးခဲ့တဲ့ စနေနေ့ကမှ ထွက်ပေါ်လာတဲ့ ဝမ်းသာစရာ သတင်းကတော့ ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား William ရဲ့ ဇနီးဖြစ်သူ Kate Middleton ဟာ သူတို့ လင်မယား အတွက် ဒုတိယ မြောက် ရင်သွေးလေး ကိုမွေး ဖွား လိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံ နန်းတော် ရဲ့ တော်ဝင် သတင်းတွေ ကို ဖော်ပြပေးတဲ့ Twitter အကောင့်ကနေလည်း William နဲ့ Kate တို့ရဲ့  ဒုတိယမြောက် ရင်သွေးလေးဟာ ကျန်းမာ စွာမွေး ဖွား ပြီးဖြစ်ကြောင်း စိန့်မေရီ ဆေးရုံက တော်ဝင်စုံတွဲ ပြန်မလာခင် ကတည်း ကြေညာ ထား ပြီး ဖြစ်နေ ပါတယ်။

 တော်ဝင်စုံတွဲ ရဲ့  ဒုတိယမြောက် ရင်သွေးလေးဟာ မိန်းကလေးဖြစ်ပြီး မွေးကာစမှာ ၈ ပေါင်နဲ့  ၃ အောင်စ ရှိတယ်လို့လည်း သိရပါတယ်။ ထို ကလေးကိုမွေးဖွားပြီး မကြာခင် အချိန်ပိုင်း အတွင်း မှာပဲ William နဲ့ Kate တို့ စုံတွဲဟာ ကလေးနဲ့ အတူ ဆေးရုံက ထွက်လာပြီး ဓါတ်ပုံ ဆရာတွေနဲ့ ဆုတောင်းပေးကြ သူတွေအတွက် ဓါတ်ပုံ ခဏ အရိုက်ခံခဲ့ပြီး နန်းတော်နားမှာ ရှိတဲ့နေ အိမ် သို့ ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။ 

သတင်းထောက်တွေရဲ့ မေးခွန်းတွေ ကိုလည်း တော်ဝင်စုံတွဲ က ပြန်လည်ဖြေဆို ခဲ့ခြင်း မရှိသလို ကလေးရဲ့  နာမည် နဲ့ ပတ်သက်လို့လည်း ထုတ်ဖော်ပြောဆို သွားခြင်း မရှိသေးပါဘူး။ ထို ကလေးကို နာမည်ပေးတဲ့ အခါ မှာတော့ ဗြိတိန် နန်းတော်ရဲ့ အစဉ်အလာ အတိုင်း အဖိုးဖြစ်သူ မင်းသား Charles ၊ အဖေ ဖြစ်သူ William ၊ အစ်ကိုဖြစ်သူ George တို့ရဲ့  အနောက် မှာမှ Kate Middleton အနေနဲ့ ကလေး နာမည်ကို စဉ်းစားပေးခွင့် ရှိမှာ ဖြစ်ပါတယ်။ ဦးလေးဖြစ်သူ မင်းသား Harry အနေနဲ့ လည်း နံပါတ် ၅ နေရာကနေ ပဲ စဉ်းစားပေးခွင့် ရှိမှာ ဖြစ်ပါတယ်။


Credit : http://www.starpulse.com/news