Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Zayn Mailk တစ်ယောက် X-Factor မှာ ဒိုင်လုပ်မယ့် သတင်း မဟုတ်မှန်ကြောင်းငြင်း

Zayn Mailk တစ်ယောက် X-Factor မှာ ဒိုင်လုပ်မယ့် သတင်း မဟုတ်မှန်ကြောင်းငြင်း

| No comment



ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ ဒီနှစ် X-Factor အစီအစဉ်မှာ ဒိုင်အဖြစ် ၀င်ရောက်လုပ်ကိုင်သွားမယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း Zayn Malik ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ငြင်းဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် Bradford မြို့သားအဆိုတော် ဟာ ဒီနှစ် အစောပိုင်းကပဲ One Direction အဖွဲ့ ကနှုတ်ထွက်ခဲ့ပြီး အဲဒီလို နှုတ်ထွက်ခဲ့တာဟာ Simon Cowell နဲ့ အတူ X-Factor အစီအစဉ်မှာ ဒိုင်ဝင်လုပ်ဖို့ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး ထို သတင်းတွေကို Zayn Malik ရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Zayn ရဲ့ ချစ်သူဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ပေါ့ပ်စတား Perrie Edwards ရဲ့ပြောကြားချက်အရတော့ Zayn Malik ဟာ One Direction အဖွဲ့ထဲကထွက်ပြီးကတည်းက မီးဖိုချောင်ထဲမှာ အချိန်ကုန်ဆုံးတာ များတယ်လို့ ဆိုထားပါတယ်။

"သူ့ကို အခုအချိန်မှာ ပိုပြီး နားလည်လာပါတယ်။ ကျွန်မတို့ ၂ ယောက်ဟာ မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်ဆုံးတာများပါတယ်။ သူဟာ တစ်ကယ်တော်တဲ့ စားဖိုမှုးတစ်ယောက်ပါ" လို့ Perrie Edwards ကဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ စေ့စပ်ခဲ့ကြတဲ့ Zayn Malik နဲ့ Perrie Edwards တို့ဟာ ပြီးပြည့်စုံတဲ့ မင်္ဂလာဆောင်တစ်ခု ဖြစ်လာဖို့ စီစဉ်နေကြပြီး လက်ရှိမှာ  Perrie ရဲ့ Little Mix အဖွဲ့ဟာ အခွေထွက်နိုင်ဖို့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

" မင်္ဂလာဆောင် ဘယ်တော့လဲဆိုတာ ကျွန်မ မသိသေးပါဘူး။ ကျွန်မ လောလောဆယ်မှာ Little Mix အဖွဲ့ ရဲ့ Black Magic အခွေအတွက် အလုပ်ရှုပ်နေပါတယ်။ ကျွန်မနဲ့ Zayn နဲ့က မင်္ဂလာဆောင်ကို အကောင်းဆုံးဖြစ်စေချင်ကြတာပါ။ ဒီနှစ်နွေရာသီမှာ ဖြစ်ဖို့များပါတယ်။ ကျွန်မ အသိပေးမှာပါ" လို့ Perrie က ဆိုပါတယ်။

Ref : Mirror