Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရိုးရိုးတန်းက လေယာဉ်စီးပြီး ပဲရစ်ကို သွားခဲ့ကြတဲ့ Angelina Jolie တို့မိသားစု

ရိုးရိုးတန်းက လေယာဉ်စီးပြီး ပဲရစ်ကို သွားခဲ့ကြတဲ့ Angelina Jolie တို့မိသားစု

| No comment



Angelina Jolie နဲ့ Brad Pitt တို့ စုံတွဲဟာ လေကြောင်းခရီးနဲ့ ကမ္ဘာပတ်နေပြန်ပါပြီ။

ဟောလီးဝုဒ် ရဲ့ နာမည်ကြီး စုံတွဲဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ သူတို့ စုံတွဲရဲ့ ကလေး ၆ ယောက်နဲ့အတူ ပြင်သစ်လေကြောင်းလိုင်းနဲ့ ခရီးထွက်လာခဲ့ပြီး First Class ကတော့ စီးခဲ့တာမဟုတ်ပါဘူးတဲ့။

ဟောလီးဝုဒ်မှာ လူကြိုက်အများဆုံး စုံတွဲ ဟာ မထင်မရှားလူတွေနဲ့ ပဲ လေယာဉ်အတူတူစီးနင်းခဲ့ကြပါတယ်။ People မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရတော့ သူတို့မိသားစု ဟာ လောကကြီးနဲ့ အံ့ဝင်ခွင်ကျ ဖြစ်လာဖို့ ကြိုးစားနေပြီး လေယာဉ်စီးတဲ့အခါမှာလည်း သာမန် ပြည်သူတွေလိုပဲ သူတို့ ကျင့်ကြံခဲ့ကြပါတယ်။ ကလေး ၆ ယောက်လုံးကိုလည်း အခြားကလေးတွေနဲ့ နည်းတူ ထိုင်ခုံမှာ ထိုင်စေပြီး သူတို့ရဲ့ အထုပ်အပိုးတွေကိုလည်း လေယာဉ်ထိုင်ခုံ ပေါ်က အံ့ဆွဲထဲမှာပဲ ထည့်ထားခဲ့ကြတယ်လို့ သိရပါတယ်။

"သူတို့မိသားစုဟာ LA ကနေ ထွက်ခွာသွားကြပါတယ်။ ပဲရစ်ကိုရောက်တဲ့အခါမှာလည်း ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြီး မိဘတွေရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်လာကြပါတယ်" လို့ People မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ပရိတ်သတ် တွေကတော့ Jolie တို့စုံတွဲဆိုတာနဲ့ ဇိမ်ခံ လေယာဉ်ကြီးတွေ ၊ သီးသန့် လေယာဉ်ကြီးတွေ နဲ့ပဲ ခရီးသွားကြမယ်လို့ ထင်ထားခဲ့ပေမယ့်လည်း ဒီ တစ်ကြိမ်မှတော့ အားလုံး အံ့အားသင့်သွားရမှာပါ။ ဒေါ်လာ တွေသန်းပေါင်းများစွာ ပိုင်ဆိုင်ထားပေမယ့်လည်း ကမ္ဘာပေါ်မှာ အကျော်ကြား ဆုံး ၂ ယောက် ဖြစ်ပေမယ့်လည်း ရိုးရိုးတန်းကနေ သာ လေယာဉ်စီးသွားခဲ့ကြတာကိုတွေ့ရမှာပါ။

Brad Pitt နဲ့ Angelina Jolie တို့ ၂ ယောက်ဟာ By The Sea ဇာတ်လမ်း စတင်ရိုက်ကူးစဉ်ကတည်းက ပရိတ်သတ်တွေ နဲ့ ဝေးကွာနေခဲ့တာကြာပါပြီ။ Angelina Jolie ကိုယ်တိုင် ဇာတ်ညွှန်းရေး ၊ ကိုယ်တိုင် ဒါရိုက်တာလုပ် ပြီး ရိုက်ကူးထားတဲ့ By The Sea ဇာတ်လမ်းဟာ ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Mr.&Mrs.Smith ပြီးတဲ့နောက် ပထမဆုံး ၂ ယောက်သား အတူတူ သရုပ်ဆောင်မယ့် ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ 

By The Sea ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှာ စတင်ရုံတင်ပြသမယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse