Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ကွာရှင်းကြတော့မယ့် Blake Lively နဲ့ Ryan Reynolds

ကွာရှင်းကြတော့မယ့် Blake Lively နဲ့ Ryan Reynolds

| No comment



ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Blake Lively နဲ့ Ryan Reynolds တို့ ဇနီးမောင်နှံ ကွာရှင်းတော့မှာလား?

Life & Style မဂ္ဂဇင်းရဲ့ ဖော်ပြချက်တွေအရ Blake နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ ပထမဆုံး ကလေးငယ်ကို ကမ္ဘာကြီးထဲ ခေါ်ဆောင်လာခဲ့ပြီး လအနည်းငယ် အကြာမှာပဲ ခယောင်း လမ်းကို ဖြတ်သန်းခဲ့ကြရပါတယ်။ သတင်းဖော်ပြချက် အရတော့ ဇနီးမောင်နှံ ၂ ယောက်ဟာ မတူညီတဲ့ ဘ၀ တွေမှာ နေထိုင်နေကြပြီး သူတို့ ၂ ယောက်လုံးဟာ သူတို့ရဲ့ ကိုယ်စီ ဘ၀ တွေအတွက်ပဲ အာရုံစိုက်ကာ လက်ထပ်ထားခြင်းအတွက် အချိန်မပေးနိုင်ကြဘူးလို့ ဆိုပါတယ်။

"သူတို့ ၂ ယောက် လုံးဝ သပ်သပ်စီဖြစ်နေတယ်။ သူတို့ရဲ့ ကိုယ်စီ ဘ၀ ရပ်တည်မှုတွေမှာပဲ အာရုံစိုက်နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်" လို့ ရင်းနှီးသူတစ်ဦးက ပြောပြပါတယ်။

Blake Lively နဲ့ Ryan Reynolds တို့ရဲ့ ပုံစံဟာ ကွာရှင်းခါနီး ပုံမပေါက်ပေမယ့်လည်း သူတို့ ၂ ယောက်အတွက် ညီမျှခြင်းကို ရှာဖွေဖို့ ပိုမိုခက်ခဲလာနေတာဖြစ်တယ်လို့ ရင်းနှီးသူရဲ့ အဆိုအအရ သိရပြီး သူတို့ ၂ ယောက် ကလေး ယူလိုက်တာဟာလည်း စိန်ခေါ်မှု တွေ ဖန်တီး လိုက်သလို ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Radar Online ရဲ့ ဖော်ပြချက်အရတော့ သူတို့ ဇနီးမောင်နှံဟာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့အတွက် အရမ်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး ဘ၀ရပ်တည်မှု နောက်တစ်ဆင့်တက်နိုင်ဖို့ ကိုယ်စီ ကြိုးစားနေခြင်းက ပြသနာဖြစ်စေခဲ့ပါတယ်။

Ryan Reynolds က Blake Lively ကို အိမ်မှာပဲ နေပြီး အိမ်ရှင်မ တစ်ယောက် ဖြစ်လာစေချင်ပေမယ့် Blake ကတော့ Ryan ဖြစ်စေချင်သလို မဖြစ်နိုင်ခဲ့ပါဘူး။ Blake ကိုယ်တိုင်ကလည်း အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ခင်ပွန်းနဲ့ သူနဲ့ ပြိုင်ဆိုင်နေတယ်ဆိုတဲ့ အကြောင်းတွေကို ဖွင့်ဟ ပြောဆိုခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse