Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Britney Spear ရဲ့ နွေရာသီ ဆံပင် ပုံစံ အသစ်

Britney Spear ရဲ့ နွေရာသီ ဆံပင် ပုံစံ အသစ်

| No comment



ပေါ့ပ် အဆိုတော်မလေး Britney Spears ဟာ နွေရာသီ အတွက် ဆံပင်ပုံစံ အသစ် ကို ညှပ်လိုက်ပါတယ်။

"Baby One More Time" ဆိုတဲ့ သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော်မလေး Britney Spears တစ်ယောက် Instagram မှာ တင်ထားခဲ့တဲ့ ဓါတ်ပုံ ထံမှာတော့ သူမရဲ့ ဆံပင်ဟာ တိုပြီး ဖြောင့် စင်းနေတာကိုတွေ့ရမှာပါ။ အဲဒီဓါတ်ပုံကိုလည်း "My New Haircut" လို့ သူမက ခေါင်းစဉ်တပ်ထားပါသေးတယ်။

သူမဟာ ဆံပင်တွေ မညှပ်ခင်ကလည်း ခန္ဓာကိုယ် အချိုးအစားလှပ ဖို့အတွက် လေ့ကျင့်ခန်းတွေ အစွမ်းကုန်လုပ်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက သူမ ရဲ့ ဆံပင်ကို ဆံနွယ် အဆက် တွေ တပ်ဆင်ခဲ့ပါသေးတယ်။ အဲဒီ ဆံနွယ် အဆက် တွေကိုတော့ Las Vegas မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ပြတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အခုတော့ အဲဒီလို ပြသနာတွေကို Britney အနေနဲ့ ကြုံတွေ့စရာ မရှိတော့ပါဘူး။

အမှန်တစ်ကယ်တော့ Britney Spears ဟာ သူမရဲ့ ဆံပင်ပုံစံတွေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြီး ပုံစံ အမျိုးမျိုး ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ သူမဟာ ပလက်တီနမ် ရွှေအိုရောင်ဆံပင်(Platinum Blonde) ကနေ အနီရောင် ပန်းသီးသကြားလုံး ပုံစံ(candy apple red) အဖြစ် ၂ လခန့် ပြောင်းလဲနေထိုင်ခဲ့ပါသေးတယ်။ အဲဒီကတည်းက သူမဟာ ရွှေရောင်ဆံပင်(Blonde) ကို နှစ်သက်စွဲလန်းခဲ့ပုံ ရပြီး သူမ ၂၀၀၇ ခုနှစ်မှာ ထားခဲ့တဲ့ ဆံပင် ပုံစံထက်တော့ လက်ရှိ ဆံပင် အတို စတိုင်လ်ဟာ ပိုပြီး အထာကျတယ်လို့တော့ အလှအပ ပညာရှင်တွေကို သုံးသပ်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်)
#celeberity.thithtoolwin.com

Ref : Starpulse