Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Catilyn Jenner ဆိုတဲ့ အမျိုးသမီး အဖြစ် လိင်ပြောင်းလဲလိုက်တဲ့ Bruce Jenner

Catilyn Jenner ဆိုတဲ့ အမျိုးသမီး အဖြစ် လိင်ပြောင်းလဲလိုက်တဲ့ Bruce Jenner

| No comment



ရှေ့လျှောက် လိင်ပြောင်းလဲပြီး မိန်းမတစ်ယောက် အဖြစ်နဲ့ပဲ နေထိုင်သွားတော့မယ်လို့ ပြောအပြီး တစ်လ ခန့်အကြာမှာ Bruce Jenner ရဲ့ လိင်ပြောင်းလဲမှု ပြီးစီးသွားခဲ့ပါတယ်။ အရင်တုန်းက အိုလံပစ် ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ Bruce Jenner ဟာ အခုတော့ အမျိုးသားတစ်ယောက် အဖြစ် ID ကိုင်ထားပြီး Caitlyn Jenner ဆိုတဲ့ နာမည်နဲ့ Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးမှာ မိန်းမတစ်ယောက် အဖြစ် နဲ့ ပါဝင်လာပါတယ်။

Kris Jenner ရဲ့ မယားပါ ကလေး ၄ ယောက် အပါအ၀င်ဆိုရင် ကလေး၁၀ယောက်ရဲ့ ဖခင် ဖြစ်ခဲ့တဲ့ Bruce Jenner ဟာ အခု တစ်ကြိမ်မှာတော့ မိန်းမတစ်ယောက် အဖြစ်နဲ့ နာမည်ကြီး ဓါတ်ပုံဆရာ Annie Leibovitz နဲ့ ဓါတ်ပုံ အရိုက်ခံခဲ့တာဖြစ်ပါတယ်။ ရင်သားတွေကို ခွဲစိတ်ပြုပြင် ကာ တပ်ဆင်ထားတယ်ဆိုတဲ့ ကောလာဟလ ကို လည်း အသက် ၆၅ နှစ် ရှိနေပြီဖြစ်တဲ့ Catilyn Jenner ခေါ် Bruce Jenner က ၀န်ခံပြောပြခဲ့ပါတယ်။

စာမျက်နှာ ၂၂ မျက်နှာပါတဲ့ Jenner ရဲ့ အင်တာဗျူးမှာတော့ သူမ ရဲ့ ကာဗာ ဓါတ်ပုံ ရှုတင် နဲ့ ၁၉၇၆ ခုနှစ်မှာ အိုလံပစ် အပြေးပြိုင်ပွဲ ချန်ပီယံ ဖြစ်ခဲ့စဉ်နဲ့ကို နှိုင်းယှဉ်ပြီး ဖြေဆိုထားပါသေးတယ်။

"အိုလံပစ် ချန်ပီယံ ဖြစ်ခဲ့တဲ့နေ့ကတော့ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်တွေက ပိုပြီး ကောင်းမွန်ပါတယ်။ ဒီ ရှုတင်ဟာ ကျွန်မရဲ့ ဘ၀ ပါ။ ဒါဟာ ပျော်ပွဲရွှင်ပွဲလည်း မဟုတ်ဘူး။ အားကစားကွင်းထဲမှာ ပရိတ်သတ်တွေ သြဘာပေးတာလည်း မဟုတ်ပါဘူး။ ဒါဟာ လမ်းတွေပေါ်မှာ ဒါ Bruce ဆိုတဲ့ ကောင်လေးလေ လို့ ပြောတာမျိုးမဟုတ်တော့ပါဘူး။ ဒါ ကျွန်မ ရဲ့ ဘ၀ ပါ။" လို့ Catilyn Jenner က ဆိုထားပါတယ်။

Jenner ဟာ ၁၀ နာရီ ကြာတဲ့ မိန်းမ အသွင် အပြင် တွေကို ခွဲစိတ်ပြုပြင်မှု တစ်ခုကို မတ်လမှာ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ခွဲစိတ်မှုတော့ မလုပ်ရသေးပါဘူး။

Ref : Starpulse