Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chris Brown ရဲ့ Bruce Jenner ကို တိုက်ခိုက်မှု အပေါ် Kylie Jenner တုံ့ပြန်ပြောဆို

Chris Brown ရဲ့ Bruce Jenner ကို တိုက်ခိုက်မှု အပေါ် Kylie Jenner တုံ့ပြန်ပြောဆို

| No comment



မော်ဒယ်လ် မလေး Kylie Jenner တစ်ယောက် သူမရဲ့ ဖခင် ဖြစ်သူ Bruce Jenner ရဲ့ Caitlyn ဆိုတဲ့ မိန်းမတစ်ယောက် အဖြစ် လိင်ပြောင်းလဲလိုက်မှု နဲ့ ပတ်သက်ပြီး နောင်ပြောင်ပြောဆိုထားတဲ့ Meme တစ်ခုကို Chris Brown က Post လုပ်လိုက်ပြီးတဲ့နောက်မှာတော့ အမှန်ကန်ဆုံး တုံ့ပြန်လိုက်ပါတယ်။

ရပ်ပါတစ်ယောက်ဖြစ်တဲ့ Akon ရဲ့ ရုပ်ပုံနဲ့ သူ အာဖရိက ပြည်သူတွေကို ဆိုလာပါဝါ စွမ်းအင်တွေထောက်ပံ့ပေးတဲ့ အလုပ်ကိုmention လုပ်ထားပြီး "Science Project Bruce Jenner" လို့ပါ Mention လုပ်ထားတဲ့ Meme ဓါတ်ပုံကို Snoop Dogg နဲ့ J.R.Smith တို့ကလည်း ဒီတစ်ပါတ် ထဲမှာပဲ Post လုပ်ခဲ့ကြပါသေးတယ်။

Chris Brown ကတော့ ထို Meme ဓါတ်ပုံကို သောကြာင်္နေ့က Share ခဲ့ပြီး ချက်ချင်းပဲ ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့လုပ်ရပ်တွေကို Screenshot ရိုက်ထားတဲ့ သူကလည်း ရှိနေပြန်ပါတယ်။

"မင်းသူငယ်ချင်းအဖေ အကြောင်းကို ပြောရတာ သိပ်တော့ မကောင်းပါဘူး" လို့ Chris Brown ရဲ့ Post ကို Kylie Jenner က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Kylie က "တစ်ဖက်သားကို ပုတ်ခတ်ခြင်းကင်းစွာနဲ့ ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး မင်းဖြစ်ချင်တာကိုပြောပါ။ကောင်းတဲ့ သက်ရောက်မှုတော့ ပါဝင်ပါစေ။" လို့လည်း ရေးသားထားပါသေးတယ်။

လက်ရှိမှာ Kylie Jenner ဟာ Chris Brown ရဲ့ သူငယ်ချင်းဖြစ်တဲ့ Tyga နဲ့တွဲနေပြီး Chris Brown နဲ့လည်း သူငယ်ချင်းအရင်းတွေဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း Chris Brown ဟာ သူ့ရဲ့ချစ်သူဟောင်း Karrueche ရဲ့ ပါတီပွဲကို သွားရောက်ပြီး ပြသနာရှာခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse