Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Date လုပ်တဲ့ app တစ်ခုကို အကောင့်ဖွင့် အသုံးပြုနေတဲ့ Mariah Carey

Date လုပ်တဲ့ app တစ်ခုကို အကောင့်ဖွင့် အသုံးပြုနေတဲ့ Mariah Carey

| No comment



ပေါ့ပ် နဲ့ R&B အဆိုတော် Mariah Carey ဟာ Match.com ဆိုတဲ့ လူငယ်တွေ ဒိတ်(Date) လုပ်တဲ့ ၀က်ဘ်ဆိုက်မှာ Profile တစ်ခု ဖွင့်လှစ်ပြီး စတင်အသုံးပြုနေပါတယ်။ ဒါပေမယ့်လည်း သူမဟာ Match.com မှာ သူမရဲ့ သီချင်း ဗီဒီယို အသစ် "Infinity" ကို ဖြန့်ချီနိုင်ဖို့အတွက် Profile တစ်ခု ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

MC1toInfinity ဆိုတဲ့ user name နဲ့ အသုံးပြုနေတဲ့ Mariah Carey ဟာ သူမရဲ့ ကိုယ်ရေး အကျဉ်းမှာလည်း ကလေး ၂ ယောက်ရှိပြီး တစ်ခုလတ် တစ်ယောက်ဖြစ်တယ်လို့ ရေးသားထားသလို သူမရဲ့ ခန္ဓာကိုယ်အမျိုးအစားကိုလည်း Curvy လို့ ဖော်ပြထားပါတယ်။ သူမရဲ့ အသေားအရောင် အမျိုးအစားကိုတော့ Black ၊ African descent ၊ Latino/Hispanic နဲ့ White/Caucasian လို့ ၄ မျိုးတိတိ ဖော်ပြထားပါတယ်။

ဒါ့အပြင်သူမရဲ့ အရပ်ကို ၅ ပေ ၉ လက်မ ရှည်ပြီး "social drinker" လူမှုရေး အရ သောက်တတ်သူတစ်ယောက် အဖြစ်လည်း ရေးသားထားပါသေးတယ်။ ဆေးလိပ်သောက်တတ်လားဆိုတဲ့နေရာမှာတော့ သူမက လုံးဝ မသောက်တတ် ပါဘူးလို့ ရေးသားထားပါတယ်။

သူမ စိတ်ဝင်စားတဲ့ အလုပ်တွေထဲမှာတော့ ချက်ပြုတ်ခြင်း ၊ ရုပ်ရှင် နဲ့ ဗီဒီယို ၊ ဂီတ နဲ့ ဖျော်ဖြေပွဲ တွေကို ရွေးချယ်ထားပါတယ်။ ခရစ်ယာန် ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ Mariah Carey ဟာ ရေကူးခြင်းနဲ့ Yoga ပြုလုပ်ခြင်းတို့ကိုလည်း နှစ်သက်တယ်လို့ ဆိုထားပါသေးတယ်။

သူမ စိတ်ဝင်စားတဲ့ အမျိုးသား ဟာ ဆေးလိပ်မသောက်တတ်ပဲ အရပ် ၆ ပေ ကျော်သူ ဖြစ်ရမယ်လို့လည်း ရေးထားပါသေးတယ်။ အခုလို ပေါ့ပ်စတား တစ်ယောက် Dating App ကို သုံးရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ သီချင်းဗီဒီယို "Infinity" ထဲမှာတော့ သူမဟာ Dating App တစ်ခုကို သုံးပြီး သူမနဲ့ အလိုက်ဖက်ဆုံး ချစ်သူကို လိုက်ရှာနေတဲ့ ဇာတ်လမ်းလေး နဲ့ ပုံဖော်ထားလို့ပါပဲ။

Mariah Carey ဟာ သူမရဲ့ခင်ပွန်းဟောင်း Nick Cannon နဲ့ ၂၀၁၄ ခုနှစ် နွေရာသီမှာ ကွာရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Mario )

Ref : Starpulse