Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , E! reality ရှိုးအတွက် ဒေါ်လာ ၇၅ သန်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ Caitlyn Jenner

E! reality ရှိုးအတွက် ဒေါ်လာ ၇၅ သန်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ Caitlyn Jenner

| No comment



အမျိုးသား တစ်ယောက် ဘ၀ မှ အမျိုးသမီး တစ်ယောက် ဘ၀ သို့ လိင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့ Caitlyn Jenner ဟာ E! reality ရှိုးတွေအတွက် စာချုပ်အသစ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။

Caitlyn Jenner ဟာ I Am Cait ဆိုတဲ့ အသစ်ထွက်ရှိလာမယ့် reality ရှိုး တစ်ခုအတွက် ဒေါ်လာ ၇၅ သန်းနဲ့ စာချုပ် အသစ် ချုပ်ဆိုခဲ့တယ်လို့ Hollywood Life သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ထို တီဗွီရှိုးမှာတော့ Caitlyn Jenner ရဲ့ အမျိုးသမီးတစ် ယောက် ဖြစ်လာခဲ့ပုံ အကြောင်းတွေနဲ့ သူမ အနေနဲ့ လူထု ရှေ့မှာ ထုတ်ဖော်ဝန်ခံခဲ့ရတဲ့ အကြောင်းတွေကို ရိုက်ကူး တင်ဆက်သွားမှာ ဖြစ်ပြီး E! အနေနဲ့လည်း အကောင်းဆုံး တီဗွီ ရှိုးတစ်ခုဖြစ်လာနိုင်တဲ့အတွက် Caitlyn Jenner ကို ဒေါ်လာ တွေ ပုံအောပေးဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

အဲဒီလို Caitlyn Jenner တစ်ယောက် တီဗွီရှိုးတစ်ခုအတွက် ဒေါ်လာ ၇၅ သန်း နဲ့ စာချုပ်ချုပ်လိုက်ခြင်းဟာ Caitlyn ရဲ့ အမျိုးသားဘ၀ Bruce Jenner ရဲ့ ဇနီးဖြစ်ခဲ့ဖူးသူ Kris Jenner အတွက် သူမရဲ့ တစ်ကိုယ်တော် ရှိုးကို ထိခိုက်လာမှာ စိုးရမ်နေတယ်လို့ အတွင်းလူတစ်ယောက်ရဲက ပြောကြားချက်အရ သိရပါတယ်။

Caitlyn Jenner ဟာ Keeping Up With The Kardashians အစီအစဉ်တွေမှာလည်း ပါဝင်နေဆဲပဲ ဖြစ်ပြီး သူမ အနေနဲ့ တစ်ကိုယ်တော် ရှိုးတစ်ခုကို တင်ဆက် ဖို့ စိတ်ဝင်စားနေပါတယ်။

Kris Jenner ကတော့ သူမရဲ့ ခင်ပွန်းဟောင်း လက်ရှိမှာ မိန်းမ တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ Caitlyn Jenner ရဲ့ အောင်မြင်မှုကို မနာလို ဖြစ်နေတယ်လို့ လူအများက ယုံကြည်နေကြပါတယ်။ Caitlyn Jenner ရဲ့ လိင်ပြောင်းလဲမှုဟာ Kris Jenner နဲ့ သားသမီးတွေရဲ့ အောင်မြင်ကျော်ကြားမှု ကို မှေးမှိန်စေခဲ့တာတော့ အမှန်ပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse