Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Fast & Furiois ပုံစံ ရွေ့လျား 3D ရုပ်ရှင် ဖွင့်ပွဲ ကို Vin Diesel နဲ့ Fast & Furious သရုပ်ဆောင်များ တက်ရောက်

Fast & Furiois ပုံစံ ရွေ့လျား 3D ရုပ်ရှင် ဖွင့်ပွဲ ကို Vin Diesel နဲ့ Fast & Furious သရုပ်ဆောင်များ တက်ရောက်

| No comment



ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Vin Diesel ၊ Michelle Rodriguez ၊ Tyrese Gibson နဲ့ Jason Statham တို့ဟာ Universal Studios Hollywood က ပြုလုပ်တဲ့ Fast & Furiois ပုံစံ ရွေ့လျား 3D ရုပ်ရှင် ဖွင့်ပွဲ တက်ရောက်ပြီး စမ်းသပ်ကြည့်ရှုခဲ့ကြပါတယ်။

အဂါင်္နေ့ကပြုလုပ်တဲ့ ထို မိတ်ဆက်ပွဲစဉ်မှာတော့ Fast & Furious သရုပ်ဆောင်တွေဟာ ရုပ်ရှင်ဖြစ်မြောက်အောင် ဖန်တီးသူများ ၊ ထုတ်လုပ်ရေး အမှုဆောင်များနဲ့ အတူ Fast & Furious Supercharged ကို စမ်းသပ်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။

Fast & Furious Superchared ဟာ ဘတ်စ်ကား တစ်စီးပေါ်မှာ ကြည့်ရှုသူတွေကို ရှိနေစေပြီး ၃၆၀ ဒီဂရီ ရှိတဲ့ မျက်နှာပြင်များနဲ့ ၀န်းရံထားကာ  hologramနည်းပညာ နဲ့ မူလ ဇာတ်လမ်းကို အခြေခံထားတဲ့ ဇာတ်ကောင်တွေရဲ့ 3D ပုံရိပ်တွေနဲ့ Fast & Furious ဇာတ်ဝင်ခန်းထဲကိုယ်တိုင်ရောက်ရှိသွားသလို ခံစားနိုင်စေရန် ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

ပထမဆုံး အကြိမ် စမ်းသပ်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ Vin Diesel က "Wow အရမ်းမိုက်ပါတယ်။ ဒါဟာ တစ်ကယ် ကို အမှတ်ရစရာပါ ၊ ကျွန်တော် တွေ့ဖူးသမျှ တွေနဲ့ လုံးဝမတူပါဘူး ။ ဒါကို ကြည့်ပြီးသွားတဲ့သူတိုင်းက နောက်တစ်ခါထပ်လုပ်လို့ရမလား လို့ မေးစရာပါ " လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Vin Diesel က ထို 3D ရုပ်ရှင်ကို သူ့ရဲ့သားဖြစ်သူနဲ့အတူကြည့်ခဲ့တဲ့အခါမှာ သူ့ရဲ့သားက " အဖေ ကို ၂ ယောက်စာတွေ့လိုက်ရတယ်။ ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ Vin Diesel ကိုပြောခဲ့ပါတယ်တဲ့။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Upi