Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ,ွGay တွေကိုဆန့်ကျင်ခဲ့တဲ့ မုန့်ဖုတ်သမားကို ထောက်ခံခဲ့တဲ့ Patrick Stewart

ွGay တွေကိုဆန့်ကျင်ခဲ့တဲ့ မုန့်ဖုတ်သမားကို ထောက်ခံခဲ့တဲ့ Patrick Stewart

| 3 Comments



X-Men ဇာတ်လမ်းတွဲတွေထဲမှာ ပရော်ဖက်ဆာ Charles Xavier အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Patrick Stewart တစ်ယောက်ဟာ လိင်တူ(Gay) စုံတွဲတွေအတွက် မုန့်ဖုတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အိုင်ယာလန် မြောက်ပိုင်း က မုန့်ဖုတ် သမားကို ထောက်ခံလိုက်ပါတယ်။

County Antrim's Ashers ဆိုတဲ့ ကိတ်မုန့်ဆိုင်ပိုင်ရှင် ဟာ Seasame Street ဆိုတဲ့ ကလေးသူငယ်အစီအစဉ်မှာ Bert နဲ့ Ernie တို့ရဲ့ ဓါတ်ပုံနဲ့အတူ သူ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့် မှာ "Support Day Marriage" ဆိုတဲ့ စာသားကို ရေးဖို့ ငြင်းဆန် ခဲ့တာကြောင့် တရားစွဲခံထားရပါတယ်။

သူ့ရဲ့ ငြင်းဆိုမှုဟာ ခရစ်ယာန် ယုံကြည်မှု အရ မှန်ကန်ပေမယ့်လည်း တရားခွင်မှာတော့ ရှုံးနိမ့်ခဲ့ရပြီး ဒဏ်ငွေအနေနဲ့ ဒေါ်လာ ၈၀၀ ပါ ပေးဆောင်ခဲ့ရတယ်လို့ မုန့်ဖုတ်သမား က ဆိုပါတယ်။

Star Trek ဇာတ်လမ်းမှာလည်း နေရာကောင်းက သရုပ်ဆောင်ခွင့်ရခဲ့တဲ့ Patrick Stewart ဟာ မုန့်ဖုတ်သမား အနေနဲ့ သူ့ရဲ့ ဘာသာရေး ယုံကြည်ခွင့်ကို ကာကွယ်ဖို့ အခွင့်အရေးတွေရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

"ကျွန်တော့်ကို ကျွန်တော် မုန့်ဖုတ်သမား ဘက်က ရပ်တည်နေမှန်း သိလာခဲ့တယ်။ ဒါဟာ သူ ငြင်းပယ်လိုက်တဲ့ Gay စုံတွဲ ကိစ္စကြောင့်မဟုတ်ပါဘူး။မင်္ဂလာဆောင်တစ်ခုကို ကျင်းပလို့လည်း မဟုတ်ပါဘူး။ ဒါဟာ ကိတ်မုန့်ပေါ်မှာ ရေးလိုတဲ့ စာကြောင့်ပါ။" လို့ Stewart ကဆိုပါတယ်။

အမှန်တစ်ကယ်တော့ Stewart ဟာ လိင်တူ အခွင့်အရေးတွေကို ထောက်ခံအားပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ X-Men ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Ian McKellen ဟာလည်း ၂၀၁၃ မှာပဲ Jazz အဆိုတော် Sunny Ozell နဲ့ လက်ထပ်ခဲ့တဲ့ Stewart ရဲ့ မင်္ဂလာဆောင်ကို တရားဝင် တက်ရောက် ကူညီ ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Starpulse