Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Iggy Azalea စေ့စပ်လိုက်ပြီ

Iggy Azalea စေ့စပ်လိုက်ပြီ

| No comment



သြဇီသူ ရပ်ပါ မလေး Iggy Azalea တစ်ယောက် စေ့စပ်လိုက်ပါပြီ။ Los Angeles Laker ဘတ်စကတ် ဘော အသင်းက ကစားသမား Nick Young ခေါ် Swaggy P က သူ့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ပွဲမှာ ပဲ Iggy ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ယောက်ရဲ့ ဘော်ဒါတစ်ယောက်ဖြစ်တဲ့ Karen Civil ဟာ Twitter မှာ သူတို့ ၂ယောက်ရဲ့ စေ့စပ်ခွင့်တောင်းတဲ့ ရိုမန်တစ်ကာလ ကို ဗီဒီယို ရိုက်ကာ တင်ထားခဲ့ပြီး "Swaggy P က သူ့ရဲ့ မွေးနေ့မှာ ချစ်သူကောင်မလေး Iggy ကို စေ့စပ်ခွင့်တောင်းခဲ့ပါတယ်" လို့လည်း ခေါင်းစဉ် ရေးသားခဲ့ပါတယ်။

ထိုဗီဒီယို ထဲမှာလည်း Young က ဒူးတစ်ဖက်ထောက်ပြီး လက်စွပ်ကို မြှောက်ကာ သူက လက်ထပ်ခွင့်တောင်းခဲ့တာပဲ ဖြစ်ပါတယ်။ Iggy Azalea ကလည်း "Yes" လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။ 

သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစု ၀င်တွေကလည်း သူတို့ ၂ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပါတီပွဲတစ်ခုကို ကျင်းပခဲ့ကြပါတယ်တဲ့။

အသက် ၂၄ နှစ်အရွယ် Iggy Azalea နဲ့ အသက် ၃၀ အရွယ် Nick Young တို့ဟာ ၂၀၁၃ ခုနှစ်မှာ စတင်တွဲလာခဲ့ကြတာဖြစ်ပါတယ်။

Iggy Azalea ဟာ လက်ရှိမှာ အမေရိကန် နယ်လှည့်ဖျော်ဖြေရေး ပွဲစဉ်တွေကို ဒုတိယ အကြိမ်မြောက် ပယ်ဖျက်လိုက်တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ပထမတစ်ကြိမ်တုန်းကလည်း The Great Escape Tour ကို ဧပြီလမှာ ပြုလုပ်ဖို့စီစဉ်ထားပြီး မှ မလုပ်ဖြစ်တော့ဘူးဆိုပြီး ပယ်ဖျက်ခဲ့ဖူးပါသေးတယ်။

Ref : Starpulse