Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကျောင်းကပွဲကို ဂါဝန် ၀တ်ဆင်သွားတဲ့ Jaden Smith

ကျောင်းကပွဲကို ဂါဝန် ၀တ်ဆင်သွားတဲ့ Jaden Smith

| No comment



ကမ္ဘာကျော် မင်းသားကြီး Will Smith ရဲ့ သားဖြစ်သူ Karate Kid စတား Jaden Smith ဟာ သူ့ရဲ့ ဖက်ရှင်ပုံစံ တစ်ခုကို ခေတ်တစ်ခေတ် ဖြစ်လာစေချင်နေပါတယ်။ အထက်ကျောင်းကပွဲတစ်ခုကို Jaden Smith က Hunger Game ရုပ်ရှင်ထဲက ကြယ်ပွင့်လေး Amandla Stenberg နဲ့အတူတူ ဂါဝန် ၀တ်စုံကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Hunger Games ထဲမှာ Rue ဇာတ်ကောင်အဖြစ် အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ Stenberg က သူမရဲ့ Instagram မှာ ဓါတ်ပုံတစ်ပုံ တင်ထားခဲ့ပါတယ်။အဲဒီ ဓါတ်ပုံထဲမှာတော့ Stenberg ဟာ ရွှေရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားခဲ့ပေမယ့် ပွဲတစ်ခုလုံးရဲ့ အာရုံစိုက်မှုကို ရရှိသွားတာကတော့ Jaden Smith ပါ။

Jaden Smith ဟာ အဖြူ အမည်း တွဲရက် ဂါဝန်ရှည်ကြီးကို ၀တ်ဆင်ပြီး အောက်မှာတော့ ဘောင်းဘီ အမည်း တစ်ထပ်ကိုဝတ်ဆင်ထားပါတယ်။ Sneaker ဖိနပ်နဲ့ အတူ လက်ချောင်းတွေကို ဖုံးအုပ်ထားခြင်းမရှိတဲ့ ဆိုင်ကယ်စီး လက်အိတ် တို့ကိုလည်း ၀တ်ဆင်ထားပါသေးတယ်။

Smith ဟာ တစ်ခြားသူငယ်ချင်းတစ်ယောက်ရဲ့ အထက်တန်းကျောင်းကပွဲတစ်ခုကိုလည်း သူ Kanye West နဲ့ Kim Kardashian မင်္ဂဆောင်ပွဲတွေ တုန်းက ၀တ်ဆင်ခဲ့တဲ့ Batman အကျီင်္ကို ပဲ ထပ်မံဝတ်ဆင်ခဲ့ပါသေးတယ်။

Ref : Starpulse