Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jewish Nobel Prize ဆုကို Michael Douglas လက်ခံရရှိ

Jewish Nobel Prize ဆုကို Michael Douglas လက်ခံရရှိ

| No comment

ဆုပေးပွဲကိုတက်ရောက်လာတဲ့ Michael Douglas တို့မိသားစု


ဟောလီးဝုဒ် သရုပ်ဆောင်ကြီး Michael Douglas ဟာ အစ္စရေးနိုင်ငံမှာ "Jewish Nobel Prize" ကို လက်ခံရရှိခဲ့ပါတယ်။

ထိုပွဲကို တော့ Michael Douglas ဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်သူ Catherine Zeta-Jones နဲ့အတူ ကလေး ၂ ယောက်ကိုလည်း တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ်။ Michael Douglas ရဲ့ ကလေး ၂ ယောက်ကတော့ တော်တော်လေး အရွယ်ရောက်နေပြီဆိုတာကိုတော့ တွေ့ခဲ့ရပါတယ်။

သမီးဖြစ်သူ Cary အသက် ၁၂ နှစ်ရှိနေပြီဖြစ်ပြီး သားဖြစ်သူ Dylan ကတော့ အသက် ၁၄ နှစ်ရှိနေပါပြီ။ သူတို့ ၂ ယောက်လုံးဟာ သူတို့ရဲ့ ဖခင် ၊ မိခင် တို့နဲ့အတူ အစ္စရေးကိုလိုက်လာခဲ့ကြပြီး သူတို့ရဲ့ဖခင် Michael Douglas တစ်ယောက် ဒေါ်လာ ၁ သန်းနဲ့ အတူ Genesis ဆုကို လက်ခံရယူတာကို ဂုဏ်ပြုပေးခဲ့ပါတယ်။

အမှန်တစ်ကယ်တော့ သူတို့မိသားစုဟာ ကလေး ၂ ယောက်တည်းတော့မဟုတ်ပါဘူး။ ထိုပွဲကိုမလိုက်လာနိုင်ခဲ့တဲ့ Cameron ဆိုတဲ့ သားတစ်ယောက်လည်း ရှိနေပါသေးတယ်။

အသက် ၇၀ ရှိနေပြီဖြစ်တဲ့ ကမ္ဘာကျော် Wall Street ဇာတ်လမ်းရဲ့ သရုပ်ဆောင်ကြီး Michael Douglas ဟာ ၂၀၁၀ ခုနှစ်က ပါးစပ်ကင်ဆာ ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း ဇနီးဖြစ်သူ Catherine Zeta-Jones နဲ့လည်း ကွဲနေခဲ့ကာ အခုအချိန်မှာတော့ ပြန်လည် ကျန်းမာလာပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ရုပ်ရှင်လောက လှုပ်ရှားမှုတွေ အကြောင်းမေးမြန်းခဲ့တဲ့ အခါမှာတော့ သူဟာ မကြာခင်ထွက်ရှိလာတော့မယ့် Marvel ရဲ့ Ant-Man ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ထားတဲ့အကြောင်းတွေပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Mirror