ရပ် အဆိုတော် Justin Bieber ရဲ့ ကိုယ်ရံတော် အဟောင်းဟာ ဓါတ်ပုံဆရာ ၁ ယောက်လက်ထဲက ကင်မရာကို ခိုးယူခဲ့တဲ့အတွက် ထောင်ဒဏ် ၄၅ ရက်ကျခံခဲ့ရပါတယ်။
အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Hugo Hesny ဟာ Fulton ခရိုင်တရားရုံးမှာ အပြစ်ရှိကြောင်းဝန်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ ထောင်ဒဏ် ၄၅ ရက်ကျခံဖို့ အမိန့်ချမှတ်ခံရတဲ့အပြင် လူမှုရေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေါသစီမံခန့်ခွဲရေး သင်တန်းတွေကိုလည်း တက်ရောက်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါသေးတယ်။
ထို အဖြစ်အပျက် ကတော့ အတ္တလန်တာ မြို့မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Hesny ဟာ Justin Bieber အား ဓါတ်ပုံရိုက်ယူနေသည့် ပါပါရာဇီ ဓါတ်ပုံဆရာ တစ်ယောက်ရဲ့ ကင်မရာ ကို ခိုးယူခဲ့တာပဲဖြစ်ပါတယ်။
TMZ သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Hesny ဟာ Justin Bieber ရဲ့ လုံခြုံရေး အဖွဲ့ထဲက နှုတ်ထွက်သွားခဲ့တာ ကြာပြီ လို့ သိရပါတယ်။
Hesny အတွက်တော့ အခုလို ဥပဒေ နဲ့ ညိစွန်းတဲ့ အလုပ်ကို လုပ်ခဲ့တာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ သူဟာ ၂၀၁၃ ခုနှစ် ဇွန်လ ကတည်းက Justin Bieber တစ်ယောက် မိုင်ယာမီမှာ ရှိတဲ့ အသံသွင်း စတူဒီယို က အထွက်မှာလည်း အခြား ဓါတ်ပုံဆရာတစ်ယောက်ရဲ့ ပစ္စည်းတွေကို လုယူဖို့ကြိုးစားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရဖူးပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com
Ref : Mirror