Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kanye West ဖျော်ဖြေတဲ့ပွဲမှာ Kim Kardashian နဲ့ Ray J တို့ရဲ့ Sex Tape ထဲကပုံရိပ်တွေ အလံလွှင့်ထူ

Kanye West ဖျော်ဖြေတဲ့ပွဲမှာ Kim Kardashian နဲ့ Ray J တို့ရဲ့ Sex Tape ထဲကပုံရိပ်တွေ အလံလွှင့်ထူ

| No comment



ဖျော်ဖြေပွဲတွေမှာ အလံတွေလွှင့်ထူရင် စင်အောက်က ပရိတ်သတ်တွေ သဘောကျလေ့ရှိပါတယ်။ ဒါပေမယ့်လည်း Glastonbury ဖျော်ဖြေပွဲရဲ့ စင်အောက်ကနေ ကြည့်ရှုနေတဲ့ Kim Kardashian West အတွက်တော့ သိပ်သဘောကျစရာမရှိခဲ့ပါဘူး။

Glastonbury ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှု သူ ပရိတ်သတ် တစ်ယောက်ဟာ Kim Kardashian နဲ့ ရည်းစားဟောင်းဖြစ်သူ Ray J တို့ရဲ့ Sex Tape ထဲက မြင်ကွင်းတစ်ခု ကို ပုံနှိပ်ဖော်ပြပြီး အလံ တစ်ခု အဖြစ်လွှင့်ထူခဲ့လို့ပါ။

Kim Kardashian ရဲ့ လက်ရှိခင်ပွန်းဖြစ်သူ Kanye West ဖျော်ဖြေမယ့် စတိတ်ရှိုးပွဲမှာမှ အခုလို အလံတိုင်လွှင့်ထူခဲ့တဲ့ ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ကလည်း လေးစားစရာပါ။

ဒါပေမယ့်လည်း Kim Kardashian ကတော့ စင်မြင့်ထက်မှာ ဟာသ ပညာရှင် Lee Nelson ရဲ့ ပျက်လုံးတွေကြားကနေ  ဖျော်ဖြေခဲ့တဲ့ ခင်ပွန်းဖြစ်သူ Kanye West ရဲ့ ဖျော်ဖြေမှုကိုသာ အာရုံစိုက်နေခဲ့ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ Kanye West က မိုက်ခရိုဖုန်းက တဆင့် သူမကို ကျေးဇူးတင်စကားတွေ ပြောနေပေမယ့် ထို အလံတိုင် ကြောင့် သူမရဲ့ မျက်နှာ ဟာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေခဲ့တာကိုတော့ တွေ့ရမှာပါ။

Kanye West ကတော့ စင်မြင့်ထက်ကနေ သူ့ရဲ့ အချစ်သီချင်းတစ်ပုဒ် နောက်ကွယ်မှာ သီချင်းဖြစ်လာစေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးသည် Kim Kardashian ကို ကျေးဇူးတင်စကားတွေ ပြောပြခဲ့ပါတယ်။

Kim Kardashian အနေနဲ့ ဖျော်ဖြေပွဲကိုရောက်နေစဉ်မှာ ထို အလံတိုင်ကို သတိမထားမိခဲ့ရင်တောင် Twitter သုံးစွဲသူတစ်ဦးက Kanye West ၊ Kim Kardashian နဲ့ Ray J တို့ ၃ ယောက်လုံးကို tag ပြုလုပ်ပြီး ထို အလံတိုင် ဓါတ်ပုံကို လူမှုကွန်ရက်မှာ Post လုပ်ထားတာကိုတော့ တွေ့လိုက်ရမှာ သေချာပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror