Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kate Hudson ဟာ သူ့ရဲ့အမိုက်စား ရေကူးဝတ်စုံဖက်ရှင်နဲ့ ဓါတ်ပုံကို ဖော်ပြခဲ့ပါသတဲ့

Kate Hudson ဟာ သူ့ရဲ့အမိုက်စား ရေကူးဝတ်စုံဖက်ရှင်နဲ့ ဓါတ်ပုံကို ဖော်ပြခဲ့ပါသတဲ့

| No comment



Kate Hudson ဟာ မြေထဲပင်လယ်ရှိ ရေကူးကန်ဘေးမှာ ရေလှိုင်းသဏ္ဍန် ခန္ဓာကိုယ်ဖြင့် ရိုက်ကူးထားတဲ့ သူမရဲ့ဓါတ်ပုံကို Instagram မှာ ဖော်ပြထားပြီး  “ဂရိ မှာတုန်းကလေ” လို့လည်း ရေးသားထားခဲ့ပါတယ်။

သူဟာ အသားရောင် Bikini ကို ၀တ်ဆင်ထားပြီး နေကာမျက်မှန်နဲ့ ခန္ဓာကိုယ်ကိုလည်း သံကွင်းဆက်ဘော်ဒီချိန်းကြိုးတွေနဲ့ တန်ဆာဆင်ထားပါသေးတယ်။

သူရဲ့ပရိသတ်တွေက “ ဂရိနတ်ဘုရားမတစ်ပါးနဲ့ တူတယ်” “ အရမ်းမိုက်တယ်” စသည်ဖြင့် ရေးသားကြသလို “ ပြုတ်ကျသွားရင်တော့ ရယ်ရမယ်” ဆိုပြီးလဲ နောက်ပြောင်ရေးသားထားတာ တွေ့ရပါတယ်။

မင်းသမီးဟာ သားနှစ်ယောက်ဖြစ်သူ Bingham, ၃နှစ်၊ Ryder, ၁၁နှစ်တို့နဲ့အတူ သူ့အမေ Goldie Hawn နဲ့ Skiathos ကျွန်းကို အလည်အပတ်သွားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကလည်း အနက်ရောင် ဘီကီနီအင်္ကျီနဲ့ ရောင်စုံစကတ်ကို ၀တ်ဆင်ထားတဲ့ ဓါတ်ပုံတစ်ပုံတင်ခဲ့ပါသေးတယ်။ ဓါတ်ပုံထဲမှာ သူရဲ့အေးဂျင့်ခေါင်းပေါ်ကို လက်တင်ထားတဲ့ ပိုစ့်နဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ မေ ၂၆ ရက်နေ့က သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ ပရော်ဖက်ရှင်နယ် အကသမား Derek Hough နဲ့အတူ Inglewood, Calif မှာပြုလုပ်ခဲ့တဲ့ U2 Concert မှာ အတူတူတွေ့ခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse