Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Katie Holmes နဲ့ ရုပ်ချင်းဆင်တဲ့ ကောင်မလေး နဲ့ တွဲနေတဲ့ Tom Cruise

Katie Holmes နဲ့ ရုပ်ချင်းဆင်တဲ့ ကောင်မလေး နဲ့ တွဲနေတဲ့ Tom Cruise

| No comment



ဟောလီးဝုဒ် မင်းသား Tom Cruise ဟာ အမျိုးသမီးတွေကို ပုံစံတူတွေပဲ ကြိုက်နှစ်သက်တတ်ဟန် ပေါ်ပါတယ်။ အခုလည်း သူ့ရဲ့ ချစ်သူ ကောင်မလေး အသစ်ဟာ ဇနီးဟောင်း Katie Holmes နဲ့ ရုပ်ချင်းဆင်နေတာကို တွေ့ရပြန်ပါတယ်။

အဲဒီကောင်မလေးကတော့ Even Creepier လို့ ခေါ်ပြီး အသက် ၂၂ နှစ်ပဲ ရှိသေးကာ Tom Cruise ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ လက်ထောက်တစ်ယောက်လည်း ဖြစ်ပါတယ်။

Tom Cruise ဟာ Even ကိုတွေ့တာ ပြီးခဲ့တဲ့ လ ကတည်းကဖြစ်ပြီး သူတို့ ၂ ယောက်ဟာ Tom Cruise ရဲ့ ရုပ်ရှင်အသစ် "Mena" အတွက် ရိုက်ကူးရေး လုပ်ငန်းတွေကို အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။

Redbook မဂ္ဂဇင်းက ဖော်ပြခဲ့တာကတော့ Tom Cruise နဲ့ Even Creepier တို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်းက အတူတွေ့ရတာများပြီး Even ဟာ Cruise ရဲ့ ဇနီးဟောင်း Suri ရဲ့ မိခင် Katie Holmes နဲ့ ရုပ်ချင်းအတော်လေး ဆင်နေတာကိုတွေ့ရပါတယ်။ Katie Holmes ကတော့ ရုပ်ရှင်သရုပ်ဆောင် နဲ့ အဆိုတော် Jamie Foxx နဲ့တွဲနေတယ်လို့ သတင်းတွေထွက်ထားပါတယ်။

"မြို့ထဲက လူတွေအားလုံး သတိပြုမိမှာပါ။ Tom နဲ့ Even ဟာ ရိုက်ကူးရေးပြီးရင် အတူထွက်သွားကြတယ်။ သူတို့ သီးသန်နေချင်ပုံရပါတယ်။ သူဟာ သူမကို လုံးဝယုံကြည်နေပါတယ်။ ရိုက်ကူးရေးမှာ ပါတဲ့ လူအများစု က သူ သူမအပေါ် ဘယ်လိုသဘောထားလည်း သိကြပါတယ်" လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ Tom Criuse ရဲ့ ချစ်သူအသစ်ဟာ သူ နဲ့ Nicole Kidman ရဲ့ သမီး Bella နဲ့မှ အသက် ရွယ်တူဖြစ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse