Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဒုတိယမြောက် ရင်သွေးကိုလွယ်ထားရပြီဖြစ်တဲ့ Kim Kardashian

ဒုတိယမြောက် ရင်သွေးကိုလွယ်ထားရပြီဖြစ်တဲ့ Kim Kardashian

| No comment



ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kim Kardashian တစ်ယောက် ခင်ပွန်းဖြစ်သူ Kanye West ရဲ့ ဒုတိယ မြောက်ရင်သွေးကို လွယ်ထားရပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း Kanye West တစ်ယောက်ကတော့ မပျော်နိုင်ခဲ့ရှာပါဘူး။

Kim Kardashian ဟာ "Keeping Up With The Kardashians" အစီအစဉ်ရဲ့ နောက်ဆုံး အစီအစဉ်မှာ သူမရဲ့ သမီးလေး North West အတွက် မောင်နှမ တစ်ယောက် ထပ်မံရယူပေးဖို့အတွက် နာကျင်မှုတွေနဲ့ ကြိုးစားရမယ့်အခြေအနေကို ပရိတ်သတ်တွေလည်း ကြည့်ရှုပြီးဖြစ်ပါတယ်။

ထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Kim Kardashian ဟာ သန္ဓေသားဆိုင်ရာ ဆရာဝန်နဲ့ ထပ်မံပြသခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သတင်းကောင်းအချို့ထွက်ပေါ်လာခဲ့ပါတယ်။

"ကျွန်မ သွေးစစ်တဲ့အဖြေရပါပြီ။ကျွန်မမှာ ကိုယ်ဝန်ရှိနေပါပြီ" လို့ Kim Kardashian က ကြေညာခဲ့ပြီး ဒီ သတင်းတွေကိုတော့ သူ့ရဲ့ ညီမဖြစ်သူ Khloe Kardashian ကို အရင်ဆုံးပြောပြခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကလည်း Kim Kardashian ဟာ သူမရဲ့ သမီးလေးကို မောင်နှမတစ်ယောက် ရယူပေးနိုင်ဖို့အတွက် ခင်ပွန်းဖြစ်သူ Kanye West နဲ့ တစ်နေ့ကို အကြိမ် ၅၀၀ လောက်ချစ်တင်းနှီးနှော တယ်လို့ ဆိုထားပါသေးတယ်။

Kardasian ရဲ့ မိခင်ဖြစ်သူ Kris Jenner ကလည်း Instagram မှာ Kanye West နဲ့ Kim Kardashian ရဲ့ ဓါတ်ပုံကိုတင်ထားပြီး ဂုဏ်ယူကြောင်းရေးသားထားပါတယ်။

Ref : Starpulse