Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဗြိတိန်နိုင်ငံသား အဖြစ်ခံယူခွင့် တောင်းခံတော့မယ့် Lindsay Lohan

ဗြိတိန်နိုင်ငံသား အဖြစ်ခံယူခွင့် တောင်းခံတော့မယ့် Lindsay Lohan

| No comment



ဟောလီးဝုဒ်မင်းသမီးချော Lindsay Lohan ဟာ မနှစ်က လန်ဒန်မြို့ကို အလုပ်ကိစ္စနဲ့ ယာယီ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးတဲ့နောက် ဗြိတိန် နိုင်ငံသား ခံယူခွင့် ကိုတောင်းခံတော့မှာ ဖြစ်ပါတယ်။

သူမဟာ ဗြိတိန် နိုင်ငံရဲ့ လူနေမှု ဘ၀ ကို သဘောကျနေတဲ့အတွက် ဗြိတိန် နိုင်ငံသား အဖြစ် ခံယူဖို့ရှိလားလို့ မေးမြန်းခဲ့တဲ့အပေါ်မှာသူမက "အကယ်၍သင်တို့ကူညီမယ်ဆို၊ကျွန်မခံယူသွားမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။

မနှစ်ကပဲ အမေရိက မှာ ဥပဒေ နဲ့ မလွတ်ကင်းတဲ့ ပြသနာတွေကို ကျူးလွန်ခဲ့ပြီး ခဏခဏ ဒုက္ခရောက်နေခဲ့တဲ့ Lindsay Lohan တစ်ယာက် ဗြိတိန် ကို ပြောင်းရွှေ့ခြင်းဟာ သူမရဲ့ ဘ၀ ကို လုံးဝ ပြောင်းလဲလိုက်ဖို့အတွက် အကူအညီ ပေးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

"သင်ဆိုရင်လည်း အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲလာမယ် ၊ ပြီးတော့ ကျွန်မ အဲဒီအတွက် တစ်ကယ်ကို ၀မ်းသာမိပါတယ်။ ကျွန်မ ပိုပြီး ကောင်းမွန်လာတယ်လို့ ခံစားမိတယ်။ လန်ဒန်ကို ပြောင်းတာဟာ ကျွန်မအတွက် စတင်ခြင်း အသစ်တစ်ခု ဖြစ်ပြီး ဘ၀ ရဲ့ အသွင်အပြင်တွေလည်း အခုက စပြီး ပြောင်းလဲသွားပါပြီ" လို့ Lindsay Lohan က ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် မင်းသမီး Lindsay ဟာ သူမ ရဲ့ အလုပ် အားလပ်ချိန်တွေမှာ လန်ဒန်မြို့ရဲ့ နေရာသစ်တွေကို ရှာဖွေ ဖော်ထုတ်ရတာကို နှစ်သက်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Lindsay Lohan ဟာ လန်ဒန်ကနေ အလုပ်လုပ်ရတာ ဟာ ပိုမို အဆင်ပြေပြီး လန်ဒန်မြို့ရဲ့ ဗိသုကာ ပညာ တွေ နဲ့ ပန်းခြံတွေဟာလည်း အရမ်းကို လှပ တယ်လို့ ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Mirror