Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နာမည်ကြီး အဆိုတော် ၅ ယောက် ပါဝင်သရုပ်ဆောင်ပေးမယ့် Madonna ရဲ့ သီချင်းဗီဒီယို အသစ်

နာမည်ကြီး အဆိုတော် ၅ ယောက် ပါဝင်သရုပ်ဆောင်ပေးမယ့် Madonna ရဲ့ သီချင်းဗီဒီယို အသစ်

| No comment



ပေါ့ပ် ဘုရင်မ Madonna ဟာ ယနေ့ခေတ် နောက်ဆုံးပေါ် အဆိုတော်မလေးတွေကို သူမနဲ့ Nicki Minaj နဲ့ သီဆိုထားတဲ့ "Bitch I'm Madonna" ဆိုတဲ့ သီချင်း ဗီဒီယို မှာ ၀င် သရုပ်ဆောင်စေထားပါတယ်။

အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ Madonna ဟာ Miley Cyrus ၊ Katy Perry ၊ Rita Ora နဲ့ Beyonce တို့ကို သူမရဲ့ ဗီဒီယို မှာ ပါဝင်ဖို့ စည်းရုံးထားပါတယ်။

ဒီလို စည်းရုံးမှု မျိုးဟာ လွန်ခဲ့တဲ့ ၁ လ ခန့်က Taylor Swift ရဲ့ "Bad Blood" သီချင်းဗီဒီယို ကို ရိုက်ကူးခဲ့တဲ့ အထာ နဲ့ ဆင်တူနေပါတယ်။ Taylor Swift ရဲ့ "Bad Blood" သီချင်းဗီဒီယို မှာတော့ Cara Delevingne ၊ Lena Dunham ၊ Ellie Goulding ၊ Jessica Alba ၊ Ellen Pompeo ၊ Mariska Hargitay ၊ Lily Aldradge ၊ Gigi Hadid ၊ Karlie Kloss ၊ Zendaya ၊ Harley William နဲ့ အခြား အနုပညာရှင်တွေက ကူညီပြီး သရုပ်ဆောင်ပေးထားကြပါတယ်။

Taylor Swift ရဲ့ Bad Blood သီချင်းဟာ သူမရဲ့ ပြိုင်ဘက် ဖြစ်တဲ့ Katy Perry ကို တိုက်ခိုက်ထားတာဖြစ်ပြီး အခုထွက်ရှိလာမယ့် Madonna ရဲ့ သီချင်းမှာတော့ Katy Perry က ၀င်ရောက် သရုပ်ဆောင်ပေးထားတာကို တွေ့ရပါတယ်။

"ဗီဒီယို မကြာခင်လာတော့မှာပါ။သင်တို့အတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ငါတို့ဟာ အလုပ်ကြိုးစားတဲ့ မိန်းမ(Bitch) တွေပါ ။ #bitchimmadonna လို့ သူမက Instagram မှာ ရေးသားထားခဲ့ပါတယ်။ 

ထို ဗီဒီယိုကိုတော့ ပြီးခဲ့တဲ့ အပတ်ကပဲ တင်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ထွက်မယ်လို့ ဆိုထားပေမယ့် အခုထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။ ထိုသီချင်းကို Madonna က Jay-Z ရဲ့ Tidal ဂီတ၀န်ဆောင်မှု စာမျက်နှာကနေ စတင် ဖြန့်ချီမယ်လို့ ခန့်မှန်းရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse