Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Melissa McCarthy ရဲ့ Spy ဇာတ်လမ်း Box Office ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေ

Melissa McCarthy ရဲ့ Spy ဇာတ်လမ်း Box Office ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေ

| No comment



People မဂ္ဂဇင်း နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာတော့ Melissa McCarthy ဟာ  သူမ ဘ၀ရဲ့ အမှတ်တရ တွေအကြောင်းနဲ့ သူမ ဟောလီးဝုဒ် ကို ဘယ်လိုရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ပြောပြထားပါတယ်။

အော်စကာ ဆု ဆန်ကာတင်ခန့်မှန်း ခံရပြီးမှ ပျက်လုံးတစ်ခုလို ဖြစ်ခဲ့ရတဲ့နောက်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းထန်တဲ့ ဖက်တီး မင်းသမီး လေးဟာ သူမ အတွက်တော့ ရူးကြောင်ကြောင်အနိုင်ဆုံး ဇာတ်ကောင်ပုံစံ ကို သရုပ်ပြထားတဲ့ Spy ဇာတ်လမ်းနဲ့ အတူ Box Office နံပါတ် ၁ နေရာကို ရောက်လာပြန်ပါပြီ။

"ဟာသ က ဟာသပါပဲ ။ ဟာသ ဟာ ၈ ဘီလီယံ အရေအတွက်ရှိတဲ့ မတူညီသော ပုံစံတွေ အရသာတွေကနေလာတာပါ။ ဒါကြောင့် ဟာသ ကို ကန့်သတ်ဖို့တော့ ခက်လိမ့်မယ်ထင်တယ် ။ " လို့ Melissa McCarthy က ဆိုထားပါတယ်။

ဟာသ သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် ကောလိပ်ကျောင်းက ထွက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု အကြာမှာတော့ McCarthy ဟာ သူမရဲ့ မူလ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အ၀တ်အစား ထုတ်လုပ်ရေး Melissa McCarthy Seven7 ကိုလည်း အကောင်အထည် ဖော်ပြီး ဖြစ်နေပါပြီ။

" ဒီအ၀တ်အစား ထုတ်လုပ်ရေးဟာ သာမန် အ၀တ်အစားတွေဘယ်ရောက်သွားလဲ ဆိုတာ မေးချင်လို့ပါ။ အခုအချိန်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ စီးပွားရေးတွေပဲများနေတယ်။ ကျွန်မ ပိုကောင်းတဲ့ ကိုယ်ပိုင် အ၀တ်ဗီရိုတစ်ခု တည်ဆောက်နေတာပါ။ " လို့ အ၀လွန်သူတွေအတွက် ဆိုက်ဇ် ကြီး အ၀တ်အစားတွေ ထုတ်လုပ်နေတဲ့ Melissa McCarthy က ဆိုထားပါတယ်။

Melissa McCarthy ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဒါရိုက်တာ Ben Falcone နဲ့ အသက် ၈နှစ်အရွယ် Vivian နဲ့ အသက် ၅ နှစ်အရွယ် Georgie ဆိုတဲ့ ကလေး ၂ ယောက် ရရှိထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse