Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နောက်ယောင်ခံလိုက်ခြင်း ကိုခံနေရတဲ့ Mila Kunis

နောက်ယောင်ခံလိုက်ခြင်း ကိုခံနေရတဲ့ Mila Kunis

| No comment



လက်ရှိ မှာ လူကြိုက်များနေတဲ့ Jupiter Ascending ဆိုတဲ့ ဇာတ်လမ်းရဲ့ မင်းသမီး Mila Kunis တစ်ယောက် ဒုက္ခရောက်နေရရှာပါတယ်။ စိတ်ရောဂါ ရှိနေပုံ ရတဲ့ အမျိုးသား ပရိတ်သတ်တစ်ယောက်က သူမရဲ့ အနောက်ကို တောက်လျှောက်လိုက်နှောင့်ယှက်နေတယ်လို့ သိရပါတယ်။

Stuart Dunn လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ စနေနေ့ည ၈ နာရီခန့်မှာ Mila Kunis ရဲ့ နောက်ကို နောက်ယောင်ခံ လိုက်လာခဲ့တယ် လို့ နယူးယော့ခ်နေ့စဉ် သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။ Los Angeles ရဲတပ်ဖွဲ့ရဲ့ နယ်ထိန်းဖြစ်သူ Rodriguez ကလည်း ထို မှုခင်းကို လုပ်ဆောင် ၊ ဖော်ထုတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း Stuart Dunn ဟာ အဲဒီလို နောက်ရောင် ခံ လိုက်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရဖူးပါတယ်။ ပြီးတော့ သူဟာ ကယ်လီဖိုးနီယား ပြည်နယ်မှာ စိတ်ရောဂါ ကြောင့် ကုသရန် ပြသခဲ့ရဖူးတယ်လို့ ၀န်ခံထားပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိတဲ့ Stuart Dunn ဟာ ၂၀၁၂ ခုနှစ်ကလည်း Mila Kunis ရဲ့ ကယ်လီဖိုးနီးယား ကနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးတဲ့ မှုခင်းမှတ်တမ်းတွေ ရှိနေပါတယ်။ သူဟာ အားကစားခန်းမတစ်ခုမှာ ၃ ရက်ဆက်တိုက် အချိန်ဖြုန်းပြီး Mila Kunis ရဲ့ တည်နေရာတွေကို စုံစမ်းနေခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Stuart Dunn ဟာ Mila Kunis နဲ့ အဝေးမှာ နေထိုင်ဖို့ လည်း အမိန့်ချမှတ်ထားခြင်းခံထားရပါတယ်။ လက်ရှိမှာတော့ Mila Kunis ဟာ ထို အနေအထားအတွက် စိတ်ပူနေရပြီး မကြာသေးခင်ကမှ သမီးလေး Wyatt ကိုမွေးဖွားပြီး မိဘတွေ ဖြစ်လာခဲ့ကြတဲ့ Mila Kunis နဲ့ Ashton Kutcher တို့အတွက်တော့ ရတက် မအေးစရာပါ။

( Mario )

Ref : Starpulse