Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , မကြာခင်ထွက်လာတော့မယ့် Miley Cyrus နဲ့ Flaming Lips တီးဝိုင်းတို့ ရဲ့ သီချင်းဗီဒီယို

မကြာခင်ထွက်လာတော့မယ့် Miley Cyrus နဲ့ Flaming Lips တီးဝိုင်းတို့ ရဲ့ သီချင်းဗီဒီယို

| No comment



ရပ်အဆိုတော်မလေး Miley Cyrus ဟာ တနင်္လာနေ့က ပဲ သေးငယ်လှတဲ့ ပန်းရောင်ကြိုးတပ် Bikini ကို ၀တ်ဆင်ပြီး အိမ်မှာနေရင်း Selfie တွေ များစွာ ရိုက်ပြီး Post လုပ်ခဲ့ပါတယ်။

Miley ဟာ သူမကိုယ်တိုင်ရေးသား ထားတဲ့ သီချင်း ၇ ပုဒ်ထဲက ၁ ပုဒ် ရဲ့ ဗီဒီိယို အသစ်ထဲမှာလည်း အဲဒီ Bikini အကျီင်္ကို ၀တ်ဆင်ထားပြီး ထိုသီချင်းကိုတော့ Flaming Lips ဆိုတဲ့ ရော့ခ်တီးဝိုင်း တစ်ခုနဲ့တီးခတ်ပြီး Flaming Lips ရဲ့ အဆိုတော်ဖြစ်တဲ့ Wayne Coyne နဲ့ အတူသီဆိုထားတာပါ။ အဲဒီ သီချင်းရဲ့ ဗီဒီယို ရိုက်ကွင်းက ဓါတ်ပုံ တစ်ပုံကိုလည်း Wayne Coyne ရဲ့ Instagram စာမျက်နှာမှာ တင်ထားပါသေးတယ်။

Katy Weaver နဲ့ အတူလုပ်ထားတဲ့ သီချင်းမှာလည်း Miley Cyrus က ထို Bikini ကိုပဲ ၀တ်ဆင်ပြီး ATV စီးတဲ့ အခန်းကို သရုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Wayne Coyne ကလည်း သူတို့ရဲ့ အယ်လ်ဘမ် အကြောင်း လွန်ခဲ့တဲ့ ရက် အနည်းငယ်ကပဲ ကြေညာထားပြီး Miley က Flaming Lips တီးဝိုင်းနဲ့ အတူ ပြီးခဲ့လကမှ သူတို့ ရဲ့ သီချင်းအသစ် Tiger Dreams ကို Adult Swim's Annual ပွဲစဉ်မှာ သီဆိုဖျော်ဖြေပြီး စတင်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

"Flaming Lips ရဲ့ သီချင်းတစ်ပုဒ်ကို ရေးကြည့်ဖို့ ကြိုးစားရင် သင် နွံနစ်သွားနိုင်ပါတယ်။ ဒါပေမယ့် Miley ရဲ့ သီချင်းတစ်ပုဒ်အတွက် Lesbian Sex နဲ့ မူးယစ်ဆေးဝါး လုပ်တဲ့အကြောင်းတွေကြောင့်တော့ သင် လွတ်လပ်သွားမှာပါ" လို့ Wayne Coyne က Independent သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ Miley Cyrus က Katy Weaver နဲ့ အတူ ရိုက်ကူးထားတဲ့ သီချင်း ထဲက ဓါတ်ပုံတွေကိုလည်း သူမရဲ့ Instagram မှာ တင်ထားခဲ့ပြီး သူမ စီးတဲ့ ATV မှာတော့ အခြောက်(Gay) တွေရဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gay Pride ဆိုတဲ့ စတစ်ကာ ကို ကပ်ထားတာတွေ့ရမှာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse