Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Moschino အမှတ်တံဆိပ်ရဲ့ Brand Ambassador ဖြစ်လာတဲ့ Katy Perry

Moschino အမှတ်တံဆိပ်ရဲ့ Brand Ambassador ဖြစ်လာတဲ့ Katy Perry

| No comment



ပြီးခဲ့တဲ့ အပတ်ကပဲ Katy Perry နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုကို ဖော်ပြခဲ့ပြီးပါပြီ။ အဲဒါကတော့ လက်ရှိအချိန်မှာ Taylor Swift နဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ Katy Perry တစ်ယောက် Moschino ဆိုတဲ့ ဖက်ရှင် အမှတ်တံဆိပ်အတွက် မော်ဒယ်လ် လုပ်နေတယ်ဆိုတာပါပဲ။

အဲဒီသတင်းတွေအတွက် Katy Perry ကလည်း ကုမ္မဏီရဲ့ ထိပ်တန်း ဒီဇိုင်နာ Jeremy Scott ရဲ့ ဖက်ရှင်အချို့ကို သူမရဲ့ Instagram မှာ ပြသခဲ့ပါတယ်။

သူမရဲ့ Moschino အတွက်နောက်ဆုံး ရိုက်ကူးပေးခဲ့တဲ့ ပရိုးမိုးရှင်း ဓါတ်ပုံထဲမှာတော့ သူမဟာ အဖော်အချွတ်ဆန်တဲ့ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးပေးခဲ့ပါတယ်။ သူမဟာ လောင်းကုတ် ကဲ့သို့သော် အကျီင်္ကို ဘေး တစ်ခြမ်း အ၀တ်ဗလာနဲ့ ၀တ်ဆင်ပြခဲ့တာဖြစ်ပါတယ်။ ရင်သားတွေရဲ့ ဘေးလက်ခြမ်းကို လည်း လှစ်ဟ ပေးထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ Moschino အမှတ်တံဆိပ်ရဲ့ Brand Ambassador အဖြစ် Katy Perry ကို ကြေညာခဲ့သလို Moschino ရဲ့ ဒီဇိုင်နာ Jeremy Scott နဲ့ Katy Perry တို့ဟာလည်း အချိန်ကြာတွဲခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။

မော်ဒယ်လ် တစ်ယောက် အဖြစ် ဓါတ်ပုံရိုက်ရင်းအလုပ်ရှုပ်နေတဲ့ Katy Perry တစ်ယောက် တစ်ဖက်မှာလည်း ထပ်မံ ရိုက်ကူးမယ့် Smurf ရုပ်ရှင်အတွက် ဆုံးရှုံးမှုတွေရှိလာပြန်ပါတယ်။

Global Box Office မှာ ဒေါ်လာ ၁ ဘီလီယံ လောက် ၀င်ငွေရရှိခဲ့တယ်ဆိုတဲ့ The Smurfs နဲ့ The Smurfs 2 ဇာတ်လမ်းတွေမှာ အသံ သရုပ်ဆောင်ခဲ့တဲ့ Katy Perry ဟာ နောက်ထွက်လာမယ့် Smurfs ရုပ်ရှင်မှာ ပါဝင်လာဖို့မရှိတော့ပါဘူး။ Sony Pictures Animation က ထိုနေရာကို Katy Perry အစား Demi Lovato နဲ့ အစားထိုးလိုက်ပြီဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse