Paris Hilton ဟာ ချစ်သူအသစ်ရှိနေပါပြီ။ အဲဒီလူကတော့ ကမ္ဘာလုံးဆိုင်ရာ အားကစား မီဒီယာ ကုမ္မဏီ တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့အတွက လူသိများခဲ့တဲ့ သန်းကြွယ်သူဋ္ဌေး Thomas Gross ပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ Thomas ဟာ သူ့ရဲ့ ကုမ္မဏီကို ဒေါ်လာ သိန်း ၁၀၀ နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
အင်္ဂါနေ့ကတော့ Paris Hilton ကို Thomas ရဲ့ ရွက်လှေပေါ်မှာ Thomas နဲ့ အတူတူတွေ့လိုက်ရပါတယ်။ သူတို့ ၂ ယောက်ဟာ စပိန် ကမ်းရိုးတန်းမှာ အပန်းဖြေနေခဲ့တာပဲ ဖြစ်ပါတယ်။ ထို သတင်းကိုတွေ့တွေ့ချင်းတော့ Paris Hilton ဟာ ဘာကြောင့် သန်းကြွယ် သူဋ္ဌေးနဲ့ ရွက်လှေ ပေါ်မှာ အတူရှိနေတာလဲ ဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါသေးတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးကို Daily Mail သတင်းဌာနက အတိအလင်းဖော်ပြလိုက်ပါပြီ။
"သူတို့ ၂ ယောက်ဟာ Cannes ရုပ်ရှင်ပွဲတော်မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲဒီနောက်မှာတော့ သူတို့ ၂ ယောက်ဟာ ဒိတ်လုပ်ပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက်ပိုသိခဲ့ကြပါသတဲ့။ သူမဟာ လူကြီးလူကောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပြီး Thomas ရဲ့ ဂရုစိုက်ပုံတွေကို Paris Hilton က သဘောကျခဲ့တယ်လို့လည်း သူတို့ ၂ ယောက်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ စပိန်နိုင်ငံမှာသာ အပန်းဖြေနေတာမဟုတ်ပါဘူး။ကမ္ဘာလှည့်ပြီး ခရီးထွက်ပြီးသွားပါပြီ။ သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ ပြင်သစ်နိုင်ငံမှာ စတင်ခဲ့ပြီး မက္ကဆီကို နိုင်ငံကို ဂျက်လေယာဉ်နဲ့ ဆက်လက်ထွက်ခွာလာခဲ့ကာ စပိန်နိုင်ငံမှာ ရွက်လှေ ခရီးထပ်မံ ထွက်ခဲ့ကြတာဖြစ်ပါတယ်။
Paris Hilton ဟာ အရင်တစ်ကြိမ်တုန်းကလည်း သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်တဲ့ Joe Fournier နဲ့ တွဲခဲ့ပါသေးတယ်။
စပိန်ကမ်းရိုးတန်းမှာ အပန်းဖြေနေတဲ့ Paris Hilton တို့ စုံတွဲ |
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com
Ref : Starpulse