Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Rapunzel ကာတွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတော့မယ့် Mandy Moore

Rapunzel ကာတွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတော့မယ့် Mandy Moore

| No comment



Candy ဆိုတဲ့ သီချင်းကို ကိုယ်တိုင် ရေးစပ်သီဆိုပြီး အောင်မြင်လာတဲ့ အဆိုတော် ၊ မင်းသမီး Mandy Moore ဟာ Walt Disney Animation Studio ရဲ့ ၂၀၁၀ မှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် Tangled ကို အခြေခံပြီး ပြန်လည်ရိုက်ကူးမယ့် ရုပ်သံ စီးရီး ဇာတ်လမ်းတွဲမှာ "Rapunzel" ဆိုတဲ့ ဇာတ်ကောင်လေးအဖြစ် ပါဝင်လာမယ်လို့ သိရပါတယ်။

Mandy Moore နဲ့ မင်းသား Zachary Levi တို့ဟာ Disney ရဲ့ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Rapunzel နဲ့ Eugene တို့ အဖြစ် သရုပ်ဆောင်ခွင့်ရကြမှာဖြစ်ပါတယ်။ ထို စီးရီးဟာ ၂၀၁၇ မှာ ပွဲဦးထွက် ပြသမှာ ဖြစ်ပြီး အော်စကာဆုရှင် တေးရေးဆရာ Alan Menken နဲ့ စာသားရှင် Glenn Slater တို့လည်း ပူးပေါင်းပါဝင်ကြမှာပါ။

ထို စီးရီး တစ်ခုလုံးရဲ့ အစမှာတော့ Rapunzel ဆိုတဲ့ ကောင်မလေးရဲ့ သူမရဲ့ မိဘတွေ ၊ သူမရဲ့ တိုင်းပြည် နဲ့ ကိုရိုနာ နိုင်ငံက ပြည်သူ တွေ ကြားက ဆက်ဆံရေး နဲ့ စတင်မှာပဲ ဖြစ်ပါတယ်။

Rapunzel ဟာ သူမရဲ့ သရဖူနဲ့ တိုင်းပြည်ကို မရခင်မှာပဲ အခက်အခဲ တွေ အများကြီးကို ကြုံတွေ့ခဲ့ရပြီး သူမရဲ့ ခရီးစဉ်မှာလည်း Eugene ရဲ့ အကူအညီ ကို ရရှိခဲ့ပုံတွေကို ထို ဇာတ်လမ်းတွဲမှာ ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလို ကမ္ဘာကျော် ခဲ့တဲ့ အော်ရီဂျင်နယ် ကာတွန်းကို စီးရီး အလိုက် အမှီလိုက်ရိုက်ကူးနိုင်မယ့် ပြီးပြည့်စုံတဲ့အဖွဲ့ဝင် တွေရှိနေပြီးဖြစ်တယ်လို့လည်း Disney Channels Worldwide ရဲ့ ဖန်တီးမှု အရာရှိချုပ် Gary Marsh က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse