Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Selena Gomez ရဲ့ သူငယ်ချင်းသစ်က ဘယ်သူများလဲ?

Selena Gomez ရဲ့ သူငယ်ချင်းသစ်က ဘယ်သူများလဲ?

| No comment



လူအများစုက Selena Gomez ရဲ့ သူငယ်ချင်းတစ်ယောက်လို့ ပြောလိုက်ရင် Taylor Swift ကိုပဲ ပြေးမြင်ကြမှာပါ။ ဘယ်ပရိတ်သတ်ကမှ ဟောလီးဝုဒ် မင်းသမီးကြီး Jennifer Aniston ဟာ Selena Gomez ရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ တွေးမိမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ရေဒီယို အင်တာဗျူးတစ်ခုမှာတော့ Selena Gomez ဟာ Jennifer Aniston နဲ့ သူမ နဲ့ ကြားမှာ ရှိတဲ့ သူငယ်ချင်း ဆက်ဆံရေး ကို ဖွင့်ဟပြောဆိုလိုက်ပါပြီ။

"ရိုးရိုးသားသားပြောရရင် ၊ သူမဟာ တစ်မူထူးခြားပါတယ်။ ကျွန်မတို့ဟာ ကျွန်မရဲ့ စီမံခန့်ခွဲမှုကနေတစ်ဆင့် တွေ့ဆုံခဲ့ကြတာပါ။ ဒါဟာ သူငယ်ချင်းတွေ့ဆုံမှု တစ်မျိုးပါပဲ။ ပြီးတော့ သူမက ကျွန်မကို သူမရဲ့ အိမ်ကို အလည်လာဖို့ ဖိတ်ခဲ့ပါတယ်။ သူမ မှာ ပီဇာ လုပ်တဲ့ စက် တစ်ခုရှိပါတယ်။ ကျွန်မတို့ သူမ အိမ်မှာ ပီဇာ လုပ်စားခဲ့ကြပါတယ်။" လို့ Selena Gomez က ဆိုပါတယ်။

Jennifer Aniston ဟာ အသက် ၄၆ နှစ်ရှိနေပြီဖြစ်ပြီး Selena Gomez ရဲ့ အသက် ဟာ ၂၂ နှစ်သာ ရှိနေသေးတဲ့အတွက် သူတို့ ၂ ယောက်ဟာ သားအမိ တွေလို အသက်အရွယ် ကွာခြားမှု ရှိနေပါတယ်။

"သူမဟာ အရမ်းချစ်ဖို့ကောင်းပြီး အေးချမ်းပါတယ်။ သူမဟာ ကျွန်မကို မိခင်တစ်ယောက်လို အကြံဥာဏ်တွေ ပေးခဲ့ပါတယ်။" လို့ ပေါ့ပ်စတား Selena က ရှင်းပြခဲ့ပါတယ်။

Selena Gomez နဲ့ Jennifer Aniston တို့ဟာ ဒီဇင်ဘာလက လော့အိန်ဂျလိစ်မှာ ပြုလုပ်တဲ့ ပါတီတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြပြီး သူတို့ ၂ ဦးဟာ အတူဖက်လျက်သား Black and White နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံကိုလည်း Instagram မှာတင်ထားခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse