ပေါ့ပ်စတား တစ်ယောက်ဖြစ်တဲ့ Jennifer Lopez ဟာ အာဖရိက တိုက် Morocco နိုင်ငံမှာ ရုပ်သံ က ထုတ်လွှင့်မယ့် ဖျော်ဖြေပွဲတစ်ခုကို သွားရောက်ဖျော်ဖြေခဲ့ရာမှာတော့ သူမရဲ့ ၀တ်စုံနဲ့ သူမရဲ့ တင်ဆက်မှုတွေကြောင့် ဝေဖန်မှု မြောက်များစွာကို ရင်ဆိုင်နေရပါတယ်။
အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ ကလေး ၂ ယောက်ရဲ့ မိခင် J.Lo ဟာ Morocco နိုင်ငံ ၊ Rabat မြို့မှာ ကျင်းပတဲ့ Mawazine ပွဲတော်မှာ မေလ ၂၉ ရက်နေ့က ဖျော်ဖြေခဲ့ပါတယ်။ J.Lo ရဲ့ တင်ပါးတွေ လှုပ်ခါတဲ့အက အတွက် လူအများက ဘယ်တုန်းကမှ မဝေဖန်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ သူမရဲ့ ၀တ်စုံနဲ့ အက ဟာ Morocco နိုင်ငံ က နိုင်ငံရေး သမားပေါင်းများစွာ ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
"လူထုယဉ်ကျေးမှု ကို ဖောက်ဖျက်မှု" ဆိုတဲ့ခေါင်းစဉ်နဲ့ J.Lo ကိုရော ထိုဖျော်ဖြေပွဲစီစဉ်သူ ကို ပါ နိုင်ငံရေးသမားတွေက တရားစွဲလိုက်ပါတယ်။
ထိုတရားစွဲဆိုမှုဟာ J.Lo က Morocco အကျဉ်းထောင်ထဲမှာ ၂ နှစ်လောက်အထိ ကျခံသွားရစေနိုင်ပါတယ်။ Canada ဂျာနယ် ရဲ့ ဖော်ပြချက်အရတော့ J.Lo ဟာ Morocco မှာ အရင်တုန်းကလည်း ဖျော်ဖြေဖူးခဲ့ပေမယ့် ဒီ တစ်ကြိမ်မှာတော့ ရုပ်သံ လိုင်းကနေ ပြသခဲ့တဲ့အတွက် အခုလို ပြသနာတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ထို ပြသနာနဲ့ ပတ်သက်ပြီးတော့လည်း Morocco နိုင်ငံ ဆက်သွယ်ရေး ၀န်ကြီး ဖြစ်တဲ့ Mustapha Khalifi ကလည်း ရာထူးကနေနှုတ်ထွက်သွားခဲ့ပါတယ်။ သူနှုတ်မထွက်ခင်ကတည်းကလည်း ထိုဖျော်ဖြေပွဲ ကို လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုပ်သံ ဥပဒေ တို့ကို ငြိစွန်းနေတယ်လို့ ဆိုသွားပါသေးတယ်။
J.Lo အတွက်ကတော့ လာမယ့် နှစ်သစ်ကူးမှာ လတ်ဗီးဂတ်စ် မြို့ရဲ့ Planet Hollywood မှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ ကြေညာထားပြီးသားရှိနေပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com
Ref : Starpulse