Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂၀၁၅ ခုနှစ်ရဲ့ Sexy အဖြစ်ဆုံး သက်သက်လွတ်စားသူ တစ်ယောက်အဖြစ် Miley Cyrus သတ်မှတ်ခံရ

၂၀၁၅ ခုနှစ်ရဲ့ Sexy အဖြစ်ဆုံး သက်သက်လွတ်စားသူ တစ်ယောက်အဖြစ် Miley Cyrus သတ်မှတ်ခံရ

| No comment



ရပ် နဲ့ ပေါ့ပ် အဆိုတော် Miley Cyrus တစ်ယောက် သူမဟာ သက်သက်လွတ်စား တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကြေညာပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ သူမဟာ ၂၀၁၅ ခုနှစ်ရဲ့ Sexy အဖြစ်ဆုံး သက်သက်လွတ်စားသူ တစ်ယောက်အဖြစ် တိရိစ္ဆာန်အရေးလှုပ်ရှားတဲ့အဖွဲ့ PETA က သတ်မှတ်ပေးလိုက်ပါတယ်။

"Miley Cyrus ရဲ့ ငါးလေးတွေအကြောင်းရေးထားတဲ့ သီချင်းစာသားတွေ ၊ တိရိစ္ဆာန် အခွင့်အရေးအတွက် ရည်စူးပြီး အလုပ်လုပ်ခဲ့မှုတွေနဲ့ သက်သက်လွတ်စားသူ တစ်ယောက် အဖြစ် ပြောင်းလဲလိုက်ခြင်းတွေကြောင့် PETA အနေနဲ့ Miley Cyrus ဟာ အခြား Sexy ဖြစ်တဲ့ သက်သက်လွတ်စားသုံးသူ အနုပညာရှင်တွေနဲ့ မတူညီပဲ သူမဟာ Sexy အဖြစ်ဆုံး သက်သက်လွတ်စားသူ အနုပညာရှင်ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်" လို့ PETA ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

Miley Cyrus ဟာ လွန်ခဲ့တဲ့ ၁ နှစ်ခန့်က သူမရဲ့ ခွေးလေး ၊ ၀ံပုလွေ ကိုက်လို့ သေဆုံးသွားရပြီးတဲ့နောက်မှာ သက်သက်လွတ်စားသုံးသူတစ်ယောက် အဖြစ်ပြောင်းလဲခဲ့တယ်ဆိုတာကို ဇွန်လထုတ် Paper မဂ္ဂဇင်းရဲ့ ကာဗာ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

အဲဒီအချိန်ကစတင်ပြီး သူမဟာ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ထောပတ်သီးကနေ ၊ မုန်ညင်း အထိ ဟင်းသီးဟင်းရွက် အစုံပါတဲ့ သူမရဲ့ အစားအစာ ပန်းကန်တွေကို ဓါတ်ပုံရိုက်တင်ကာ "LA က သက်သက်လွတ်သမား တစ်ယောက်ရဲ့ ဇိမ်ခံဘ၀ ... သေဆုံးနေတဲ့ တိရိစ္ဆာန်တွေကို စားသုံးမယ့်အစား ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ များစွာ ရှိတယ်!အဲဒါတွေက ငါ့ရဲ့ ခန္ဓာကိုယ်ထဲ စီးဆင်းသွားပြီး ငါ့ကို အသက်ရှင်စေခဲ့တယ်! ဒီဘ၀ ကို ချစ်တယ်" လို့ သူမက ရေးသားထားပါသေးတယ်။

Miley Cyrus ဟာ အခြား သက်သက်လွတ်စားသုံးတဲ့ အနုပညာရှင်တွေဖြစ်တဲ့ Ariana Grande ၊ Kristen Bell နဲ့ Ellie Goulding တို့ကို ဖြတ်ကျော် အနိုင်ရပြီး ၂၀၁၅ ရဲ့ Sexy အကျဆုံး သက်သက်လွတ်သမား အဖြစ် သတ်မှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Ecorazzi