Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဟောလီးဝုဒ်သရုပ်ဆောင်ကြီး Sir Christopher Lee အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်

ဟောလီးဝုဒ်သရုပ်ဆောင်ကြီး Sir Christopher Lee အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်

| No comment



ကမ္ဘာကျော်ဇာတ်လမ်း တစ်ခုဖြစ်တဲ့ the Frankeinstein ဇာတ်လမ်းထဲက ဗီလိန် ဇာတ်ကောင် Count Dracula အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ် သရုပ်ဆောင်ကြီး Sir Christopher Lee ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ Christopher Lee ဟာ ဇွန်လ ၇ ရက်တနင်္ဂနွေနေ့မနက် က လန်ဒန်မှာရှိတဲ့ Westminster ဆေးရုံမှာ အသက်ရှုခြင်းဆိုင်ရာ ပြသနာတွေနဲ့ နှလုံး ရပ် ခဲ့မှုတွေ ကြောင့်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

The Hollywood Reporter သတင်းဌာန ရဲ့ ဖော်ပြချက်တွေအရ Christopher Lee ရဲ့ ဇနီးဖြစ်သူ Gitte Kroencke ဟာ မိသားစုဝင်တွေကို အရင်ဆုံး အသိပေးခဲ့တာဖြစ်ပြီး ပြည်သူလူထုကိုတော့ နောက်တစ်ခေါက်မှ သတင်းထုတ်ပြန်ခဲ့တာ ပဲ ဖြစ်ပါတယ်။ Christopher Lee နဲ့ Gitte Kroencke တို့ကတော့ ၁၉၆၁ ခုနှစ်မှာကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Sir Christopher Lee ရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းကို ဗြိတိန် ရုပ်ရှင် အစည်းအရုံး BAFTA ကလည်း တွစ်တာ က တစ်ဆင့် ဖော်ပြထားပါတယ်။ Sir Christopher Lee ဟာ ရုပ်ရှင်လောကထဲမှာ ရပ်တည်နိုင်ခဲ့မှုတွေအတွက် ၂၀၁၁ ခုနှစ်မှာ BAFTA က ပေးအပ်တဲ့ ဆုတံဆိပ် ကို ရရှိခဲ့ပါသေးတယ်။

Sir Christopher Lee ဟာ ရုပ်ရှင်ပေါင်း ၂၇၅ ကား ကို ရိုက်ကူး သရုပ်ဆောင် နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ လူသိအများဆုံး ဇာတ်လမ်းတွေကတော့ ၁၉၅၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Curse of Frankenstein ၊ ၁၉၅၈ ခုနှစ်ထုတ် Horror of Dracula တို့ ဖြစ်ပြီး Prince of Darkness ဇာတ်လမ်းမှာလည်း ၁၀ ကြိမ်တိတိပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

Christopher Lee ရဲ့ အမာခံ ပရိတ်သတ် တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ Tim Burton ကလည်း သူ့ရဲ့ ဇာတ်လမ်းတွေထဲက ၄ ခုမှာ Christopher Lee ကို ပါဝင် သရုပ်ဆောင် စေခဲ့ဖူးပါသေးတယ်။ အဲဒီ ဇာတ်လမ်းတွေကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sleepy Hollow ၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Charlie and the Chocolate Factory" ၊ ၂၀၀၇ ခုနှစ်ထုတ် "Sweeney Todd: The Demon Barber of Fleet Street" နဲ့ ၂၀၁၂ ခုနှစ်ထုတ် Dark Shadows တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Sir Christopher Lee ဟာ Sharlock Holmes ၊ Star Wars နဲ့ Lord of the Rings ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို ခေတ်သစ် ရုပ်ရှင်တွေဖြစ်တဲ့ Golden Compass နဲ့ Hugo တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse