Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift က “1989” ကို Apple Music မှာ ထည့်သွင်းခွင့်ပေးလိုက်ပါတယ်

Taylor Swift က “1989” ကို Apple Music မှာ ထည့်သွင်းခွင့်ပေးလိုက်ပါတယ်

| No comment



Apple ရဲ့ music service အသစ်နဲ့ Swift တို့အကြား ပြီးခဲ့တဲ့တစ်ပါတ်က အငြင်းပွားစရာတွေဖြစ်ခဲ့ပြီးနောက် Taylor Swift ရဲ့ “1989” ကို Apple Music မှာ ဆက်လက်ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

USA Today သတင်းအဆိုအရ Swift က ကြာသာပတေးနေ့က သူ့စိတ်ကူးပြောင်းသွားပြီဖြစ်ပီး သူ့ရဲ့ နောက်ဆုံးဂီတတေးအယ်လ်ဘမ် “1989” ကို Apple Music Service မှာ ထည့်သွင်းသွားမှာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

Twitter မှာ “ ဒီတစ်ပါတ်ကိစ္စတွေပြီးတဲ့နောက် 1989 ကို Apple Music မှာ ကျေကျေနပ်နပ်နဲ့ပဲ ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..ဒီကိစ္စမှာ Apple က အနုပညာရှင်တွေနဲ့ အပေးအယူတွေရှိတယ်လို့ ရှင်တို့တွေ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ဒါမျိုးတွေမရှိပါဘူး” လို့ လည်း ရေးသားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပါတ်ကတော့ Swift နဲ့ Apple တို့ကြားမှာ ပဋိပက္ခတွေရှိခဲ့ပါတယ်။ Apple က သုံးလစာအခမဲ့ သီချင်းထုတ်လွင့်ပေးမှုပြုလုပ်မယ့် အစီအစဉ်မှာ အနုပညာရှင်တွေဟာ အခကြေးငွေမရရှိဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Swift က ဝေဖန်ခဲ့တာဖြစ်ပါတယ်။

Yahoo ရဲ့အဆိုအရ Apple ဟာ ၁၇ နာရီကြာပြီးတဲ့နောက် ဒီမူဝါဒကို ပြောင်းလဲပြင်ဆင်ခဲ့ပါသတဲ့။ Apple မှ တာဝန်ရှိသူ Eddy Cue က ဒီ Service နဲ့ပါတ်သက်ပြီး သုံးလအတွင်းမှာ အနုပညာရှင်တွေကို ထိုက်တန်တဲ့အခကြေးငွေ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse