Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift ကိုသီချင်းနဲ့ တိုက်ခိုက်ဖို့ Katy Perry စီစဉ်နေ

Taylor Swift ကိုသီချင်းနဲ့ တိုက်ခိုက်ဖို့ Katy Perry စီစဉ်နေ

| No comment



Katy Perry တစ်ယောက် Taylor Swift ကို သီချင်းနဲ့တိုက်ခိုက်ဖို့ စီစဉ်နေတာလား?

Yahoo! News သတင်းဌာန ရဲ့ ဖော်ပြချက်တွေအရ Katy Perry ဟာ 1984 လို့ ခေါ်တဲ့ သီချင်းတစ်ပုဒ်ကို မှတ်ပုံတင်ထားပြီး အားလုံးယုံကြည်နေတာက ထိုသီချင်းဟာ Katy Perry ရဲ့ မကောင်းကြောင်းတွေကိုဆိုထားတယ်လို့ သတင်းထွက်နေတဲ့ Taylor Swift ရဲ့ Bad Blood သီချင်းကို တုံ့ပြန်ဖို့အတွက် ဖြစ်တယ်လို့ ထင်နေကြပါတယ်။

Taylor Swift ကလည်း Bad Blood သီချင်းဟာ Katy Perry ကိုတိုက်ခိုက်ထားတယ်လို့ ထုတ်မပြောပေမယ့် Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းကတော့ သူနဲ့ ရန်သူသဖွယ်ဖြစ်နေတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက် အကြောင်းကို သီချင်းဆိုထားတယ်လို့ ဖြေခဲ့ဖူးပါတယ်။

Katy Perry နဲ့ Taylor Swift ၂ ယောက်လုံးဟာ John Mayer နဲ့ မေတ္တာ မျှခဲ့ဖူးပြီး အခုလည်း အဲဒီ ပြသနာ ကြောင့်ပဲ အပြန်အလှန် သီချင်းနဲ့ စောင်းမြောင်းသီဆို ပြီး တိုက်ခိုက်နေကြတာ ဖြစ်တယ်လို့ Yahoo! သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

အခုထွက်လာမယ့် Katy Perry ရဲ့ 1984 ဆိုတဲ့ သီချင်းဟာ သူမရဲ့ မွေးဖွားတဲ့ နှစ်ဖြစ်ပြီး Taylor Swift ရဲ့ အခွေနာမည် 1989 ကို အရွဲ့တိုက်ပြီး သီချင်းနာမည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ Katy Perry ရဲ့ သီချင်းအသစ်ဟာ Taylor Swift ကိုဦးတည်တိုက်ခိုက် သီဆိုထားတာကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Katy Perry ရဲ့ 1984 ဆိုတဲ့ သီချင်း ဘယ်တော့ထွက်လာမလဲ ဆိုတာကိုတော့ သူမက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။