Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Titanic” ဇာတ်ဝင်တေး သီကုံးရေးစပ်သူ James Horner လေယာဉ်ပျက်ကျရာတွင် ကွယ်လွန်

“Titanic” ဇာတ်ဝင်တေး သီကုံးရေးစပ်သူ James Horner လေယာဉ်ပျက်ကျရာတွင် ကွယ်လွန်

| No comment



အကယ်ဒမီဆုရရှိထားသူ အမေရိကန်သီချင်းရေးဆရာ James Horner ဟာ တနင်္လာနေ့က  Santa Barbara, Calif နားတွင် သူ၏လေယာဉ်ငယ် ပျက်ကျရာတွင် ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပါတယ်။

Horner ဟာ ဟောလိဝုဒ်မှ Titanic, Braveheart, A Beautiful Mind, The Perfect Storm, Jumanji, Courage Under Fire, Casper, The Land Before Time and Apollo 13 စတဲ့ နာမည်ကျော် ဇာတ်ကားများအပါအ၀င် ရုပ်ရှင်ပေါင်း ၁၀၀ ကျော်အတွက် ဇာတ်ဝင်သီချင်းများ ရေးစပ်သီကုံးပေးခဲ့သော နာမည်ကျော် သီချင်းရေးဆရာ ဖြစ်ပါတယ်။

Horner ရဲ့ လက်ထောက်ဖြစ်သူ Sylvia patrycja က သူ့ရဲ့သေဆုံးမှုကို ပထမဆုံး အတည်ပြုပြောကြားခဲ့ပါတယ်။

ဖေ့ဘွတ်စာမျက်နှာမှာ “ ကျွန်နော်တို့ဟာ ပင်ကိုယ်အနုပညာအရည်အသွေးတွေနဲ့ ပြည့်ဝပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရတာပါ။ သူဟာ သူချစ်မြတ်နိုးတဲ့ အရာတွေကို ပြုလုပ်ရင်နဲ့ပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် “ လို့ ရေးသားထားခဲ့ပါတယ်။

CBS Los Angeles အဆိုအရ Horner ဟာ အင်ဂျင်တစ်လုံးတပ် Tucano MK-1ကို မောင်းနှင်နေစဉ် Santa Barbara မှ မြောက်ဘက် မိုင် ၆၀အကွာ Ventucopa အနီးအနား လူသူကင်းမဲ့တဲ့ နေရာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေ ပြောကြားချက်အရ လေယာဉ်ဟာ မနက် ကိုးနာရီခွဲခန့်မှာ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

ဟောလိဝုဒ်မှာ ဆယ်စုနှစ်ပေါင်းများစွာ တေးသီချင်းတွေ ရေးသားခဲ့တဲ့ Horner ကို Los Angeles မှာ 1953 ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် ၅နှစ်အရွယ်မှာ စန္ဒယားစတင်တီးခတ်ခဲ့ပြီး University of Southern California နဲ့ UCLA တို့မှာ ဂီတပညာကို လေ့လာခဲ့ပါတယ်။

၁၉၉၇ ခုနှစ်က Titanic ဇာတ်ကားမှာ Best Original Dramatic Score ဆုအပါအ၀င် အော်စကာဆုနှစ်ဆု ရရှိခဲ့ပါတယ်။ သူဟာ အကောင်းဆုံး ဇာတ်ဝင်သီချင်းအဖြစ် Celine Dion သီဆိုခဲ့တဲ့ နာမည်ကျော်သီချင်း “My Heart Will Go On” သီချင်းစာသားတွေအတွက် Will Jennings နဲ့အတူ တွဲဖက်ပြီး ဆုရရှိခဲ့ပါတယ်။

Horner ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းများ ကြေညာပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအများကြီးဟာ လူမှုကွန်ယက်တွေမှာ ၀မ်းနည်းကြောင်း စာလွှာတွေ အများကြီး ရေးသားခဲ့ကြပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Upi