Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , X Factor အစီအစဉ်မှာ ဒိုင်လုပ်ဖို့ စတာလင်ပေါင် ၁.၅ သန်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ Rita Ora

X Factor အစီအစဉ်မှာ ဒိုင်လုပ်ဖို့ စတာလင်ပေါင် ၁.၅ သန်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ Rita Ora

| No comment



BBC သတင်းတွေက Rita Ora ကို The Voice အစီအစဉ်ကို ပစ်ပယ်ပြီး X Factor အစီအစဉ်မှာ ပါဝင်ခဲ့တဲ့အတွက် "နာမည်ထက်သိက္ခာကို" ရွေးချယ်ခဲ့သူလို့ ရှုံ့ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ Cowell ဟာ Rita Ora ကို X Factor အစီအစဉ်မှာ ပါဝင်လာဖို့အတွက် စတာလင်ပေါင် ၁.၅ သန်းတန် စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အခုတော့ Rita Ora ဟာ ထို ကမ်းလှမ်းမှု ကို လက်ခံခဲ့ပြီး စီးရီးတစ်ခုအပြီးမှာ The Voice အစီအစဉ်ကနေ နှုတ်ထွက်တော့မှာ ဖြစ်တယ်လို့ BBC သတင်းဌာနကို သူမရဲ့ အစီအစဉ်တွေ ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ Rita ကို အကောင်းဆုံးမျှော်လင့်ခဲ့ပေမယ့် စိတ်မကောင်းစရာက သူမထွက်သွားဖို့ ခံစားမိခဲ့တာပါ။ သူမ ကို အရင်ဆုံး ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ သိခဲ့ပြီး နောက် Cowell ကရောက်လာပြီး သူမကို ခိုးယူသွားခဲ့ပါတယ်" လို့ The Voice အစီအစဉ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

Rita Ora ကို BBC အပါအ၀င် သတင်းဌာန အချို့က ပိုက်ဆံ အတွက် အစီအစဉ်နောက်တစ်ခုကို ပြောင်းရွှေ့သွားတယ်လို့ ပြောပေမယ့်လည်း Rita Ora ကတော့ အခြား ရုပ်သံ အစီအစဉ် တင်ဆက်သူ အချို့ကိုပဲ ဥပမာ ပြန်ပေးခဲ့ပါတယ်။ Alesha Dixon ဟာ Britain's Got Talent ဆိုတဲ့ အစီအစဉ်အတွက် Strictly အစီအစဉ်ကို စွန့်ခွာသွားခဲ့ပါတယ်။ Adrian Chiles ဟာလည်း front football on the channel အတွက် The One Show ကို စွန့်ခွာခဲ့သလိုပဲ Susanna Reid ဟာလည်း BBC Breakfast အစီအစဉ်ကို Good Morning Britain အစီအစဉ်မှာ ပိုက်ဆံ များများ ရစေဖို့ စွန့်ခွာခဲ့ပါတယ်။

Rita Ora ဟာ အခုကစလို့ Cowell ၊ Cheryl ၊ Nick Grimshaw တို့နဲ့ အတူ X Factor အစီအစဉ်ရဲ့ ဒိုင်တစ်ယောက် ဖြစ်လာတော့မှာပါ။ X Factor အစီအစဉ်ကလည်း သူတို့ရဲ့ အကဲဖြတ်ဒိုင်အဖွဲ့ကို အဆင့်မြှင့်ချင်နေပါတယ်။ ပြီးခဲ့တဲ့ အစီအစဉ် ဖိုင်နယ်ပွဲစဉ်မှာတုန်းက ပရိတ်သတ် ၉.၃ သန်း သာ ကြည့်ရှုမှု ရှိခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း အနည်းဆုံး ပရိတ်သတ် ပမာဏ ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#celeberity.thithtoolwin.com

Ref : Mirror