Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Ashton Kutcher အိမ်ထောင်ရေးဖောက်ပြန်ရင် Mila Kunis ကို ဒေါ်လာ ၂၅ သန်းပေးရမည်

Ashton Kutcher အိမ်ထောင်ရေးဖောက်ပြန်ရင် Mila Kunis ကို ဒေါ်လာ ၂၅ သန်းပေးရမည်

| No comment



မကြာသေးမီကမှ တရားဝင် လက်ထပ် လိုက်ကြတဲ့ ဟောလီးဝုဒ် စုံတွဲ Mila Kunis နဲ့ Ashton Kutcher တို့ဟာ သစ္စာဖောက်ခြင်းနဲ့ ပတ်သက်ပြီး ၂ ဦးသဘောတူ စာချုပ်တစ်ရပ် ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုစာချုပ်မျိုးပါလိမ့်။

ထို သဘောတူစာချုပ်ပါ အကြောင်းအရာကတော့ အကယ်၍ Ashton Kutcher သာ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပါက Kutcher ဟာ Mila Kunis ကိုလျော်ကြေး ဒေါ်လာ ၂၅ သန်း ပေးရမယ် ဆိုတာပါပဲ။ သူတို့ ၂ ယောက်နဲ့ နီးစပ်သူ သူငယ်ချင်းတစ်ယောက်က National Enquirer သတင်းဌာနကို ပြောပြခဲ့တာကတော့ "သူဟာ အရင်တုန်းကလည်း ဖောက်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတစ်ကြိမ် ထပ်ပြီး ဖောက်ပြန်ရင်တော့ Mila အတွက် နှစ်သိမ့်ဆုကြေးအနေနဲ့ ဒေါ်လာ ၂၅ သန်းပေးရပါမယ်" လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်တုန်းကတော့ Kutcher ဟာ သူ့ရဲ့ ဇနီးဟောင်း Demi Moore အပေါ်မှာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ရာဇ၀င် ရှိခဲ့ပါတယ်။ Kutcher ဟာ သူနဲ့ Demi Moore ရဲ့ ၆ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကာလအတွင်း Hard Rock Hotel မှာ Sara Leal ဆိုသူ အမျိုးသမီး နဲပ ဖောက်ပြန်ခဲ့တယ်လို့ သိခဲ့ရဖူးပါတယ်။

အသက် ၃၁ နှစ်အရွယ် Mila Kunis နဲ့ အသက် ၃၇ နှစ်အရွယ် Ashton Kutcher တို့ ၂ ယောက်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် နေ့ကပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၂ ယောက်မှာ ၉ လ အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ သူတို့လင်မယားဟာ မကြာသေးမီကပဲ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Yosemite National Park ကို ဟန်းနီးမွန်းထွက်ခဲ့ကြပါတယ်။

လက်ရှိ အနုပညာ လှုပ်ရှားမှု တွေအဖြစ် Mila Kunis ဟာ "Hell & Black" ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပြီး ထို ဇာတ်လမ်းကတော့ အောက်တိုဘာလ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Ashton Kutcher ကတော့ ၂၀၁၇ မှာ ထုတ်လုပ်မယ့် "The Long Home" ဆိုတဲ့ ဇာတ်လမ်း ကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse