Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , BDSM ဘစ်ကနီ ၀တ်ပြီး Cool For Summer သီချင်းအတွက် Pool Party ကျင်းပခဲ့တဲ့ Demi Lovato

BDSM ဘစ်ကနီ ၀တ်ပြီး Cool For Summer သီချင်းအတွက် Pool Party ကျင်းပခဲ့တဲ့ Demi Lovato

| No comment



Demi Lovato ဟာ သူမရဲ့ သီချင်းသစ်တစ်ပုဒ်"Cool for the Summer "ကို အောင်မြင်စွာ ဖြန့်ချိနိုင်ခဲ့ခြင်းအတွက် နယူးယောက်ခ် မြို့မှာ Pool Party တစ်ခု ကျင်းပခဲ့ပါတယ်။

Demi ဟာ နွေရာသီပူပူမှာ blue-jean အတိုနဲ့ BDSM စတိုင် ဘစ်ကနီ အမည်းရောင်တို့နဲ့ လန်းနေခဲ့ပါတယ်။

New York's Z100 Radio Station က ပူးပေါင်း ကျင်းပပေးတဲ့ အဆိုပါ ပါတီပွဲမှာ Demi ဟာ ပရိသတ်တွေကို သူ့ သီချင်းအစီအစဉ်နဲ့ ဖျော်ဖြေပြီး မှာ အကျီ င်္ မချွတ်သေးဘဲ  ရေကန်ထဲ ခုန်ချပြီး ပရိသတ်တွေနဲ့ အတူ ရေကစားခဲ့ပါတယ် ။ ပရိသတ်တွေက  အတင်း တိုးဝှေ့ပြီး Demi နဲ့ Selfie ရိုက်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပါတီပွဲအပြီးမှာတော့ Demi ဟာ ပါတီအကြောင်းကို Instagram မှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။

"အရမ်းကို အံ့သြ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ တကယ်ပဲ ကျွန်မဘ၀ရဲ့ အကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ လိုနေတာ တစ်ခုကတော့ ကျွန်မ ချစ်သူပါ ၊ Wilmer Valderrama  ၊ ကျွန်မ ရှင့်ကို အရမ်း ချစ်ပါတယ်။ (ပါတီပွဲအတွက်) ကူညီပံ့ပိုးပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ စိတ်ကူးတွေ
အကောင်အထည်ပေါ်လာခဲ့ပါပြီ။"

(TMW)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Starpulse