Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ညီမငယ် နဲ့ အတူရိုက်ထားတဲ့ တောင်တက်ခရီးက ဓါတ်ပုံတွေကို ပြသခဲ့တဲ့ Brooklyn Beckham

ညီမငယ် နဲ့ အတူရိုက်ထားတဲ့ တောင်တက်ခရီးက ဓါတ်ပုံတွေကို ပြသခဲ့တဲ့ Brooklyn Beckham

| No comment




Los Angeles မှာ တောင်တက်စဉ်က လေးနှစ်အရွယ်ညီမငယ်လေးနဲ့ အစ်ကိုကြီးဖြစ်သူတို့ အတူထိုင်ပြီး ရှုခင်းတွေကြည့်နေကြပုံကို တွေ့ရမှာဖြစ်ပါတယ်။

နာမည်ကြီးမိသားစုရဲ့ ပရိသတ်တွေကတော့ Brooklyn Beckham တစ်ယောက် Instagram စသုံးကတည်းက မိသားစုနေ့စဉ်နေထိုင်မှုပုံရိပ်တွေကို တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။

Brooklyn ဟာ Follower ပေါင်း ၃သန်းကျော်ရရှိနေပြီး မေလကစပြီး ဒီလို လျှပ်တပြက်ရိုက်ချက်တွေကို ပုံပေါင်း ၉၆ပုံကျော်မက ဝေမျှထားခဲ့တာဖြစ်ပါတယ်။

ဒီ ၁၆နှစ်သားလူပျိုပေါက်လေးရဲ့ နောက်ဆုံးတင်ထားတဲ့ ဓါတ်ပုံကတော့ သူ့ရဲ့ညီမငယ် Harper နဲ့ Los Angeles မြို့ရှုခင်းအလှတွေကို နှစ်ဦးသားထိုင်ကြည့်နေကြတဲ့ ကြည်နူးစရာပုံလေးပဲ ဖြစ်ပါတယ်။


ကိုယ်ကြပ်စွပ်ကျယ်ဝတ်ဆင်ထားတဲ့ Brooklyn က “ ကျွန်တော့ညီမလေးနဲ့ ပျော်စရာတောင်တက်ခရီးလေးပါ” လို့ ရေးသားထားပါတယ်။

Brooklyn တစ်ယောက်တည်း ဒီလိုမိသားစုပုံကို တင်ထားခဲ့တာမဟုတ်ပါဘူး သူရဲ့ ဖခင်ဖြစ်သူ Beckham ကလည်း သူတို့ရဲ့ မိသားစုဓါတ်ပုံကို ဝေမျှထားခဲ့ပါသေးတယ်။

သူကလည်း သမီးငယ်ဖြစ်သူရဲ့ လေးနှစ်ပြည့်မွေးနေ့မှာ အနမ်းပေးနေတဲ့ ချစ်စရာပုံလေးကို မကြာသေးခင်ကပဲ ဖော်ပြထားခဲ့တာပါ။

 “ အိပ်မက်လှလှမက်ပါစေ ဖေဖေရဲ့ လေးနှစ်သမီးလေးရေ..သူ့သူငယ်ချင်းလေးတွေနဲ့ ပျော်စရာမွေးနေ့လေးကို ဖြတ်သန်းခဲ့မယ် ထင်ပါတယ်.. ကောင်းသောညပါ” လို့ ရေးသားထားခဲ့တာပါ။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror