ဗြိတိန် တော်ဝင်မင်းသမီး Kate Middleton ဟာ သူမရဲ့ ဒုတိယ မြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေး Charlotte မွေးဖွားပြီးကတည်းက ပထမဆုံး ခရီးစဉ် အဖြစ် အမေရိက ဖလား ရွက်လှေပြိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
တော်ဝင်မင်းသား William နဲ့ ဇနီးသည် Kate တို့ဟာ ဗြိတိန် နိုင်ငံ ပို့မောက်စ် မြို့ကို သွားရောက်ပြီး ရွက်လှေ ပညာရှင် Ben Ainslie ရဲ့ ရွက်လှေပြိုင်ပွဲကို လာရောက် အားပေးခဲ့ကြပေမယ့်လည်း ရာသီဥတု အခြေအနေအရ ရွက်လှေ ပြိုင်ပွဲကို ဖျက်သိမ်းလိုက်တယ်လို့ စိတ်မကောင်းစွာ သိရှိခဲ့ရပါတယ်။ William နဲ့ Kate တို့ ၂ ယောက်ဟာ ရွက်လှေအသင်းရဲ့ ၀တ်စုံတွေကိုလည်း ဆင်တူဝတ်ဆင်ထားကြပြီး Ben Ainslie ကို အားပေးဖို့ လာရောက်ခဲ့ကြတဲ့ ပုံပါပဲ။
Kate ဟာ Sir Ben Ainslie ရဲ့ အမာခံ ပရိတ်သတ် တစ်ယောက်ဖြစ်ပြီး သူမဟာ ရွက်လှေ အားကစား ကိုလည်း နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။
William နဲ့ Kate တို့ဟာ ရွက်လှေ ယှဉ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်ပေမယ့်လည်း တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ လိုက်လံ နှုတ်ဆက်ပြီး သူတို့ရဲ့ ခရီးစဉ် ကို အကျိုးရှိစေခဲ့ပါတယ်။ ပို့မောက်စ် မြို့တော်ကောင်စီရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Donna Jones နဲ့ ပို့မောက်မြို့မှာ အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ Louis Vuitton America ဖလား ရွက်လှေပြိုင်ပွဲရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Sir Keith Mills တို့နဲ့လည်း တော်ဝင် ဇနီး မောင်နှံက လိုက်လံ နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ ဇနီးမောင်နှံဟာ လန်ဒန်မှာ ကျန်ခဲ့တဲ့ သားဖြစ်သူ အသက် ၂ နှစ်အရွယ် တော်ဝင်မင်းသား George နဲ့ အသက် ၃ လ အရွယ် တော်ဝင်မင်းသမီး Charlotte တို့အတွက်လည်း လက်ဆောင် ပစ္စည်းတွေ လက်ခံရရှိခဲ့ကြပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse